(Unicode)
ကျောင်းပြန်ဖွင်၍ စီနီယာနှင့် လူချင်းတွေ့ရသည့်အချိန်တွင် စီနီယာ့အား Jayy က voice call ခေါ်သည့်အကြောင်း ပြောပြဖြစ်၏။ စီနီယာက တမှူးထက်တောင်ပို၍ အံ့ဩဝမ်းသာနေသေးသည်။
အမှန်တကယ်ဆိုလျှင် ထိုညက Jayy အနေဖြင့် ဖြေရှင်းချက်တစ်ခုခုတော့ ပေးသင့်သည်မဟုတ်ပါလား။ ယခုတော့ Jayy က ဘာမှပြောမလာသည့်အပြင် မနေ့က တစ်နေကုန်လည်း မိုင်ဒေးတောင်မတင် တိတ်ဆိတ်နေသည်။ မိမိဘက်မှစ၍လည်း တမှူးသွားမမေးရဲ။ မိုင်ဒေးတွေကျတော့ ကြည့်ကြည့်မကြည့်ကြည့် အားမနာတမ်းစာတွေသွားပြန်ပြီး ဒါကို မေးဖို့ကျတော့ တမှူးမဝံ့မရဲ ဖြစ်နေ၏။ တမှူးဘက်က မမေးဘဲ Jayy ဘက်က ရှင်းပြတာကို မသိစိတ်ကလိုချင်နေမိတာလည်း ပါသည်။ စီနီယာကတော့ အားရပါးရ ခန့်မှန်းပေးသည်။
"Jayy က ကောင်လေးကို ကြိုက်နေတာ နေမှာပေါ့" တဲ့။
တကယ်ဟုတ်ဟုတ်မဟုတ်ဟုတ် စီနီယာ့၏ ထိုအပြောဖြင့်ပင် တမှူးရင်ထဲ လှိုက်ခုန်သွား၏။ ပါးဖောင်းဖောင်းနှစ်ဖက်ပင် အနည်းငယ် ရဲသွားရသည်အထိ။ စီနီယာက ဟာသသဘော ပြောသည်ဆိုလျှင်တောင် တမှူးရင်ထဲ အတွေးဖြင့်ပင်နွေးထွေးရသည်။ အကယ်၍ Jayy ကများ တမှူးကို ကြိုက်နေခဲ့လျှင်...။
"ကျွန်တော် အဲ့ညက စီနီယာ့ဆီဖုန်းဆက်တာ အဲ့ဒါပြောပြဖို့လေ" ဟုဆိုတော့ စီနီယာက မျက်ခုံးပင့်သည်။ သူမမှတ်မိဘူးတဲ့။ စီနီယာက အရက်မူးနေတုန်း ဖြစ်ပျက်သမျှကို မေ့တတ်သည့်အထဲမှာပါသည်နှင့်တူသည်။
တမှူးစိတ်ထဲလည်း အနည်းငယ် သက်သာရာရသွားသလို ခံစားရ၏။ ညက စီနီယာ၏ ဝမ်းပန်းတနည်း ရှိုက်ငိုသံက တမှူးနားထဲမှပင် မထွက်။ ပြန်မပြောပြတော့ဘူးဟုဆုံးဖြတ်လိုက်သည်။ မဟုတ်လျှင် စီနီယာ နောက်တစ်ခေါက်ပြန်ဝမ်းနည်းနေရလိမ့်မည်။
"ကောင်လေး"
"ဗျာ"
"တကယ်လို့ Jayy သာ ကောင်လေးကို သဘောကျလာခဲ့ရင် ကောင်လေး ဘာလုပ်မလဲ"
"ဘာလုပ်ရမှာလဲ စီနီယာရဲ့၊ ပြန်ကြိုက်မှာပေါ့"
"အဟား...Jayy ကို မမြင်ဖူးဘဲနဲ့လည်း ပြန်ကြိုက်မှာလား"
YOU ARE READING
I ADORE YOU. (COMPLETED)
RomanceI adore you.....💙 Type- Romance,Drama Started date - September 3, 2020. End date -December 6,2020. Cover photo crd from pinterest.