(Unicode)
"မောနင်း ကောင်လေး"
"မောနင်း စီနီယာ"
တမှူးဆိုင်ကယ်ရပ်ပြီးသည်နှင့် စီနီယာ့ကို ပြန်နှုတ်ဆက်လိုက်သည်။ စီနီယာသည် စခင်သည်နေ့မှစ၍ ယနေ့တိုင် မပျက်မကွက် တမှူးကို အမြဲ ဆိုင်ကယ်ရပ်သည့်နေရာတွင် စောင့်နေပေးခဲ့သည်။
"ကောင်လေး...ရော့ ကောင်လေးဖို့"
စီနီယာက ကော်ဘူးလေးတစ်ဘူးလှမ်းပေးသည်။ ကြည့်လိုက်တော့ အထဲတွင် ဘာဂါနှစ်ခု။ ညက တိုက်တိုက်ဆိုင်ဆိုင် ဘာဂါလုပ်နည်း ဗီဒီယိုတစ်ခုတွေ့ပြီး တမှူးတစ်ယောက် ညကြီးမင်းကြီး ဘာဂါ စားချင်တယ်ဟူ၍ မိုင်ဒေးတင်ခဲ့သေးသည်။ စီနီယာကြီးက ချစ်ဖို့ကောင်းလိုက်တာ။
"ဝါး...ကျွန်တော် တကယ်စားချင်နေတာ၊ စီနီယာ ကိုယ်တိုင် လုပ်လာတာလား"
စီနီယာက ဘာမှပြန်မပြောဘဲ ပုခုံးသာတွန့်ပြသည်။ တမှူးဆက်မမေးတော့ဘဲ စီနီယာ လုပ်သည်ဟုပဲယူဆကာ အတန်းထဲရောက်မှ စားဖို့ ဘာဂါဘူးကို ကျောပိုးအိတ်ထဲထည့်လိုက်၏။ ထို့နောက်တွင်တော့ နှစ်ယောက်အတူယှဥ်လျက် စကားတပြောပြောဖြင့်လျှောက်လာခဲ့သည်။ ထုံစံအတိုင်း စကားများလွန်းသော တမှူးက အပြောသမားဖြစ်ပြီး စီနီယာက ခေါင်းညိတ် ခေါင်းခါ အင်း အဲ ဖြင့်သာပါလာသည်။ တမှူးပြောသမျှ၏ ၉၅ ရာခိုင်နှုန်းကလည်း Jayy အကြောင်းများသာလျှင်။
"စီနီယာ ဒီနေ့တိတ်လိုက်တာဗျာ၊ ကျွန်တော် တစ်ယောက်တည်းပြောလာရတာ"
စာသင်ဆောင်အရှေ့ရောက်တော့မှ တမှူး စီနီယာ စကားနည်းနေသည်ဟု ခံစားရကာမေးလိုက်သည်။
"သြော်...ကိုယ်ကတိတ်နေတာလား...၊ တကယ်တမ်း ကိုယ်တောင် ဘာမှ ပြန်မပြောနိုင်အောင် ရေပက်မဝင်ပြောနေတာ ဘယ်သူလဲ"
"ကျွန်တော်လား"
"မဟုတ်ဘူး သရဲ"
"ဗြဲ..."
စီနီယာက ရွဲ့ပြောတော့ တမှူးက လက်နှစ်ဖက်ကို လက်သည်းကုတ်သဏ္ဍာန်လုပ်ပြီး သရဲ ပုံစံပြန်လုပ်ပြလိုက်သည်။
စီနီယာက ပြုံးစိစိလုပ်ပြီး တစ်ဖက်လှည့်သွား၏။ ထို့နောက် မျက်နှာပိုးသပ်ပြီးမှ တမှူးဘက်ပြန်လှည့်လာသည်။ ထိုစဥ် စီနီယာ့ အိတ်ထဲမှ ဖုန်းက အသံမြည်လာသည်။ တိုက်တိုက်ဆိုင်ဆိုင် စီနီယာ့၏ ringtone သီချင်းက တမှူးအရမ်းကြိုက်သည့် အဆိုတော် Shayne Ward ၏ Melt the snow သီချင်း ။ စီနီယာက ဖုန်းကို တစ်ချက် ထုတ်ကြည့်ပြီး မကိုင်သေးဘဲ တမှူးကို အရင်နှုတ်ဆက်သည်။
YOU ARE READING
I ADORE YOU. (COMPLETED)
RomanceI adore you.....💙 Type- Romance,Drama Started date - September 3, 2020. End date -December 6,2020. Cover photo crd from pinterest.