အခန်း (၁)တွေ့ဆုံမှု့

3.9K 89 2
                                    

"အကို အကို ဒီမှာ အကို."

နောက်ကကောင်မလေးတစ်ယောက်ရဲ့ အလောတကြီးခေါ်လိုက်တဲ့အသံလေးကြောင့် ကျွန်တော်လှည့်ကြည့်လိုက်မိတယ်။

"ဟိုဟာလေ ဒီမှာ.."

ဘာလဲ ဟိုဟာတွေ ဒီဟာတွေလုပ်မနေနဲ့ ငါမင်းကိုမကြိုက်ဘူး။

"ဟင်း မဟုတ်ဘူး အကိုရဲ့ ဒီမှာ."

"ဘာမဟုတ်တာလဲ အူကြောင်ကြောင်နဲ့."

ကျွန်တော်လဲ ပြောချင်ရာပြောပြီး လှည့်ထွက်လာခဲ့တယ်။အဲ့လိုပဲဗျ ကျွန်တော်က coolguyဆိုတော့ ကောင်မလေးတွေက လိုက်နှောက်ယှက်နေကြလေ။ ဟဲဟဲ..။တကယ်ဗျ ကျွန်တော်ကိုယ့်ကိုကိုယ်အထင်ကြီးတာတော့မဟုတ်ဘူး။ကျွန်တော်က ညိုချောလေညိုချော။ခင်ဗျားသိလားဗျ။ညိုချောဆိုတာ ငိုပြောတောင်မရဘူးတဲ့။ဘယ်ခေတ်ကလဲမသိပါဘူးဗျာ။ဗိုလ်တစ်ယောက်က ညိုချောအမတစ်ယောက်ကိုလိုက်ငေးရင်း ဦးပိန်တံတားပေါ်က ပြုတ်ကျတယ်ဆိုတာလေဗျာ။အသားညိုစိမ့် ဗိုလ်တောင်လိမ့်ကျတယ်တဲ့ဗျ။ကျွန်တော်ကြားဖူးတာကိုပြောပြတာနော်။မှန်လားမှားလားတော့မသိဘူး။ကျွန်တော်ချောတာကတော့ တကယ်ဗျ။

ညိုချောအကြောင်းအဘိဓာန်ဖွင့်ရင်း ကိုယ့်ကိုကိုယ်မိတ်ဆက်ဖို့တောင်မေ့နေပြီ။ကျွန်တော်နာမည်က ဇာနည်ခန့်မောင်။ကျွန်တော်ကမြိတ်ကဗျ။မြိတ်သားလေးပေါ့ဗျာ။

ခုလက်ရှိကတော့ ကျွန်တော်မြိတ်တက္ကသိုလ်မှာ မြန်မာစာအဓိကနဲ့ ဒုတိယနှစ်တက်နေတယ်ဗျ။ဒုတိယနှစ်ရဲ့kingပေါ့ဗျာ။အပေါ်မှာကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ ကျွန်တော်က ညိုချောလေ။ကျောင်းမှာလဲ ကျွန်တော့်လောက်ချောတဲ့သူမတွေ့ဖူးဘူးဗျ။တစ်ခုပဲ ကျွန်တော်က အရပ်နည်းနည်းမရှည်ဘူးဗျ။ပုတာမဟုတ်ဘူးနော်။မရှည်တာ။၅'၆"ဆိုတာ ပုလို့လားဗျာ။ကျွန်တော့်ကို kingပုလို့သူငယ်ချင်းတွေက ခေါ်ကြတယ် ကျွန်တော်ကမကြိုက်ဘူးဗျ။

"ဟေ့ kingပု"

တောက် လာပြန်ပြီ ဘယ်ကငနာလဲ ငါ့ကိုkingပုခေါ်တာ။

"မသာကောင် ငါ့တောင်မစောင့်ဘူး။"

ကျွန်တော်လဲ နောက်လှည့်မကြည့်လဲ စိတ်တိုတိုနဲ့ မြန်မြန်လျှောက်လိုက်တယ်။ခဏနေတော့ နောက်ကသကောင့်သားက မှီလာပြီး ကျွန်တော့်ပုခုံးကိုလာပုတ်တယ်။အလိုလိုမှ ကင်းပုအခေါ်ခံရလို့ စိတ်တိုနေပါတယ် ငါ့ပုခုံးကို လာပုတ်တယ်။ဟင်း တွေ့ကြသေးတာပေါ့။ကျွန်တော်နောက်လှည့်ကြည့်လိုက်တော့...

My Sweetness Joy [Complete]Where stories live. Discover now