update date~18:24PM/ 1.11.2020
.
.
.Unicode.....
" တုန်...တုန်...တုန်..."အာရုဏ်တက်ချိန်တွင် ရပ်ကွက်အတွင်းရှိဘုန်းကြီးတစ်ကျောင်းမှ အုန်းမောင်းခေါက်သံကြားနေရသည်။ ထိုအသံကို အမှီသဟဲပြုကာ နံနက်ခင်းဆွမ်းထချက်သူများနှင့် ဝမ်းရေးအတွက်နိစ္စဓူဝ လုပ်ခင်းဆောင်တာများအမှုပြုကြသူများလည်းရှိပေ၏။
ထိုအုန်းမောင်းသံကြောင့် ဇာန်လင်းဆိုသည့်အသက် ၂၁အရွယ်ကောင်လေးတစ်ယောက်သည် မျက်နှာသစ်ကိုယ်လက်သန့်စင်ကာ ထင်းမီးဖိုများ ဖိုလိုက်သည်။ ထို့နောက် မြန်မြန်ကျက်လွယ်ရန် မနေ့ညကတည်းက ရေစိမ်ထားသော မြေထောက်ပဲနှင့်စားတော်ပဲလုံးညို တို့ကို မြေအိုးထဲထည့်ကာ ဖိုထားသောထင်းမီးဖိုပေါ်သို့ တည်လိုက်သည်။ ပြီးနောက် လျှပ်စစ်ထမင်းပေါင်းအိုးဖြင့် ဆန်နို့ဆီ၂ဘူးခန့်ကို သူ၏အဖိုးဖြစ်သူ ဘုရားရှိခိုး အာရုဏ်ဆွမ်းကပ်ရန် တည်လိုက်ပြန်သေးသည်။
ရောင်နီမပေါ်ခင် ဇာန်လင်းသည် အရစ်ကျဖြင့် ပြန်ဝယ်ထားသော တရုတ်စက်ဘီးအဟောင်းလေးကို အိမ်ရှေ့ပေါက်ဝနားထားကာ စက်ဘီးထိုင်ခုံနောက်ကို ခင်းနေကျသစ်သားပြားခင်းလိုက်သည်။ ထိုအပေါ်မှ ပဲပြုတ်များထည့်ထားသောတောင်းကိုတင်ပြီးနောက် ရောင်းရန် စက်ဘီးနင်းကာ သူ၏ ရေနံချေးသုပ်ထားတဲ့ ထရံကပ်အိမ်လေးမှ စတင်ထွက်ခွာကာ နံနက်ခင်းရဲ့ လုပ်ငန်းစလေသည်။
"အဘ သား သွားပြီနော်"
"အေးအေး ဂရုစိုက်ရောင်းငါ့မြေး"
ဇာန်လင်း သူ့အဖိုးကိုနှုတ်ဆက်ပြီး ပဲပြုတ်ရောင်းထွက်ခဲ့တော့၏။
'ငါ့မြေးအတွက် ကံကောင်းခြင်းတွေရောက်လာတော့မှာပါ' ဇာန်လင်းအဖိုး ဦးသာစိန် တီးတိုးစွာရေရွတ်၏။
စက်ဘီးလေးရဲ့ ဘဲ(လ်)မှ ကလင် ကလင်ဆိုသည့်အသံလေးဖြင့်....
" ပဲပြုတ်သည်ဗျို့ပဲပြုတ်..."
အိမ်မှထွက်ပြီးမကြာခင်တွင် 'ပဲပြုတ်သည်ကောင်လေးလာပါဦး 'ဟူသော အော်ခေါ်သံများကြားနေရသည်။ ထိုအသံများကြားရလျှင် ဇာန်လင်းအဖို့ ရွှေထုပ်များကောက်ရသလို ပျော်နေသည်။ ဤအသံများများကြားရလေ မြန်မြန်ကုန်လေပင်ဖြစ်၏။ မြန်မြန်ကုန်မှ နောက်အလုပ်တစ်ခုကို ကူးရမည်။ ထိုမှသာ တက္ကသိုလ်ကျောင်းသို့အချိန်မှီရောက်မည်။
ဇာန်လင်းမှာ လူမှန်းသိတတ်လာစတည်းက အဘဖြစ်သူနှင့်သာနေခဲ့ရသည်။ မိဘနှစ်ပါးစလုံးမှာ သူငယ်ငယ်တည်းက မရှိကြတော့ချေ။ နောက်ပိုင်း ဦးသာစိန်ရဲ့ကျန်းမာရေးချို့တဲ့မှုကြောင့် စားဝတ်နေရေးအဆင်မပြေရာ ဇာန်လင်း ၁၁နှစ်ကစပြီး ပဲပြုတ်ရောင်းကာ အဖိုးဖြစ်သူကို ထိုအလုပ်ဖြင့် အသက်ဆက်ခဲ့ရသည်။ သူ့ကျောင်းစရိတ်အပါအဝင်ပင်။
![](https://img.wattpad.com/cover/228645801-288-k454257.jpg)
YOU ARE READING
Destiny Love (Completed)
RomanceDestiny Love(ပဲပြုတ်သည်လေးရဲ့ချစ်ပုံပြင်) Unicode..... ပဲပြုတ်သည်ကောင်လေးတစ်ယောက်နဲ့ ချမ်းသာကြွယ်ဝတဲ့ သူဌေးလေးတစ်ယောက်တို့ အချစ်ပုံပြင်လေးပါ။ ပေါ့ပေါ့ပါးပါး စိတ်ကူးယဥ်ဆန်ဝတ္ထုတိုလေးပါ။ __________________________________________ Destiny Love(ပဲျပဳတ္သ...