Update date~13/01/2021~23:20Pm.
Unicode.....ဇာန်လင်း Lewisနဲ့လက်ထပ်ပြီးတာ ၄ကျော်၅လလောက် ရှိပြီဖြစ်သည်။ ဒီကြားထဲ နေမကောင်းဖြစ်လိုက် ပျောက်သွားလိုက်နဲ့။ ဘာလို့မှန်းမသိ၊ ခဏခဏ အားနည်းနေ၏။ ကြာလာတော့ ဇာန်လင်း ဆေးထိုးခံရမှာကြောက်ပြီး ဆရာဝန်နဲ့မပြတော့ဘဲ အိမ်မှာနားနေတာများ၏။
Lewisလည်း ဆေးခန်းပြဖို့ ဇာန်လင်းကိုမတိုက်တွန်းတော့ သူကိုယ်တိုင်သေချာဆေးတိုက်၏။ ခုလည်းနေမကောင်းသည့်၃ရက်လုံး Lewisက အိမ်မှာသာ နားခိုင်းထားသောကြောင့် ဘာအလုပ်မှမလုပ်ရဘဲ ပျင်းနေလေ၏။ မနက်ခင်း Lewisနဲ့သူ စတွေ့တွေ့တုန်းက ကားဘော်ဒီဆေးဖိုးဆိုပြီး ပဲပြုတ်တစ်ပိဿလည်း မပြုတ်ပေးရတော့။ အဲ့အစား morning kissဆိုပြီး အစားထိုးပေးရ၏။ Lewisရုံးသွားတုန်း ဇာန်လင်းတစ်ယောက် ချည်လက်အိတ်ဝတ်ကာ ခြံရှင်းရန်ဆိုပြီး ဂေါ်ပြားတစ်လက်နဲ့ ခြံဝင်းထဲဆင်းလာလေ၏။ အိမ်တော်ထိန်းက သူ့ကိုတွေ့တော့ အလုပ်သမားတွေရှိပါတယ် အလုပ်သမားတွေကိုခိုင်းပါလို့ဆိုပြီး တားနေသည်။ ဇာန်လင်းကလည်း အရင်တည်းက အလုပ်နဲ့လက်နဲ့မပြတ်သူမို့ တစ်ခုမဟုတ်တစ်ခုလုပ်ချင်နေ၏။ နောက်ဆုံး အိမ်တော်ထိန်းကလည်း သူ့အားပြောမရသည့်အဆုံး လက်မြောက်ရလေ၏။
ဇာန်လင်း ခြံဝင်းထဲလိုက်ကြည့်တော့ ရှင်းလင်းစရာမရှိ။ မရှိတာနဲ့ ပန်းမအိုးတွေကို ဟိုရွေ့ဒီရွေ့လုပ်နေ၏။
"သခင်လေးရယ် မလုပ်ပါနဲ့ထားလိုက်ပါ၊ နေကောင်းသေးတာလည်းမဟုတ်သေးဘဲနဲ့၊ သခင်လေးLewisမြင်သွားရင် ကြိုက်မှာမဟုတ်ဘူး၊ အိမ်တော်က အလုပ်သမားတွေလုပ်ပါစေ"
ဇာန်လင်း သူ့နောက်က စိုးရိမ်တကြီး လိုက်ပြောနေသော အိမ်တော်ထိန်းကို ပြုံးပြကာ...
"ဟာလေးလေးကလည်း ကိုကျောက်က ကုမ္ပဏီသွားတာ မြင်တာလည်းမဟုတ် လေးလေးပြန်မပြောရင် သူလည်းမသိပါဘူး...ရှူးတိုးတိုး..."
"ဘာ ရှူးတိုးတိုးလဲ..."
အနောက်က အေးစက်စက်အသံနဲ့ Lewisက ခုမှ ကုမ္ပဏီကပြန်လာသည့်ပုံ ရှပ်အဖြူရောင်နဲ့ ဝေ့စ်ကုတ်ကို Lewisကိုယ်နဲ့ကွက်တိ၊ ခေတ်စကားအရပြောရရင် ဆက်စီကျတယ်လို့ ဆိုရမလား။ ပျိုတိုင်းကြိုက်မည့် စတိုင်ပင်။ စတိုင်ပန်ထဲလက်တစ်ဖက်ထည့်ထားကာ ကျန်တစ်ဖက်က ကုတ်ကိုကိုင်ထားရင်း ဇာန်လင်းကို နားနားနေနေ နေမယ်မရှိဘူးဟူသည့် မျက်ဝန်းဖြင့် ကြည့်ကာ ဆို၏။ အိမ်တော်ထိန်းကတော့ Lewisအကြောင်းသိတော့ ကြောက်ဒူးတုန်နေသည်။ ဇာန်လင်း Lewisအသံကြောင့် ခေါင်းငုံ့ကာ အပြစ်လုပ်ထားသူလို မျက်နှာငယ်လေးနှင့် ကွက်ကြည့်ကွက်ကြည့်လုပ်နေ၏။
Lewisအူယားကာ ဇာန်လင်းကို အိပ်ခန်းထဲထိလက်ဆွဲခေါ်လာသည်။ ကုတင်ပေါ်ပစ်တင်လိုက်ကာ သူပါ ဇာန်လင်းကိုယ်ပေါ်က အုပ်မိုးလိုက်ပြီး ခပ်စူစူနှုတ်ခမ်းရဲရဲကို ဖိကပ်ကာဆွဲစုပ်နမ်းလိုက်၏။
ဇာန်လင်းမှာတော့ အုပ်မိုးထားသည့် Lewisကိုယ်ပေါ်ကနေ ခြံရှင်းရန်ဝတ်ထားသည့် လက်အိတ်နှစ်ဖက်ကိုချွတ်ရင်း Lewisရဲ့အနမ်းကိုခံယူနေ၏။ Lewisကလည်း ရုတ်တရက်လက်ရဲဇက်ရဲ အပြုအမူကြောင့် သူ့ကိုယ်သူအံ့အားသင့်နေသည်။ အချိန်ကြာကြာအနမ်းတို့အဆုံးသတ်ပြီးနောက် Lewisအရင်လွတ်ပေးလိုက်ကာ ဇာန်လင်းပက်လက်လှန်အမောဖြေနေသည့်ဘေး သူပါဘေးတစ်စောင်းအနေအထားနေလိုက်ပြီး ခပ်ဟဟ နီထွေးထွေးနဲ့ အသက်ရှုနေသည့် မျက်နှာလေးကိုကြည့်ကာ ...
"ဇာန်...မနက်ဖြန်ရုံးလိုက်ခဲ့ ကိုယ့်အလုပ်တွေလိုက်လေ့လာ...ကိုယ်ကနောက်ရက် ပြည်ပသွားစရာရှိတယ်...ကိုယ်သွားတဲ့အချိန် ကုမ္ပဏီမှာ ဇာန်လည်းရှိတော့ အဆင်ပြေလောက်မယ်"
Lewis ဇာန် ဆိုပြီးပထမနာမည်ခေါ်တော့ ဆွဲဆောင်မှုအသံတိုးတိုးလေးလေးနှင့် နောက်ပြောသည့်စကားများမှာတော့ ပြောနေကြအတိုင်း အမိန့်ဆန်ဆန်လေသံဖြင့်ပြောသည်။ ပြောပြီးတော့လည်း အသည်းယားစွာနမ်းလိုက်သေး၏။

YOU ARE READING
Destiny Love (Completed)
Storie d'amoreDestiny Love(ပဲပြုတ်သည်လေးရဲ့ချစ်ပုံပြင်) Unicode..... ပဲပြုတ်သည်ကောင်လေးတစ်ယောက်နဲ့ ချမ်းသာကြွယ်ဝတဲ့ သူဌေးလေးတစ်ယောက်တို့ အချစ်ပုံပြင်လေးပါ။ ပေါ့ပေါ့ပါးပါး စိတ်ကူးယဥ်ဆန်ဝတ္ထုတိုလေးပါ။ __________________________________________ Destiny Love(ပဲျပဳတ္သ...