update date~25/1/2021_8:00Am
Unicode....
မနက်မိုးလင်း ရောင်နီသမ်းလာတော့ ညကအိပ်တမ်းတက်ကြသည့် ငှက်တို့က တကျွီကျွီနဲ့ သီကျူးကာ ကောင်းကင်ထက်ပျံလွှားနေကြသည်။
ဇာန်လင်းနိုးလာတော့ Lewisရင်ခွင်ထဲမှာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလျက်သား။ ဇာန်လင်း မျက်လုံးက အခန်းရှေ့ မှန်တံခါးကိုကျော်ကာ ဝရံတာမှာ စိုက်ပျိုးထားတဲ့ သစ်ခွပန်းဆီအကြည့်ရောက်သွားတော့ ဒါတွေဟာသူနေမကောင်းလို့ အိမ်မှာနေတဲ့အချိန်ဆို အိမ်မှာရှိတဲ့အပင်တွေကို ထိုးဆွပြုစုထားသည့် အပင်တွေ။ အခုလည်း သူစိုက်ထားသော နိုင်ငံခြားမျိုးသစ်ခွပွင့်လန်းက နေရောင်ခြည်နုနု ထိုအပွင့်ပေါ်ဖြာကျနေသည်က ဆေးရေးပန်းချီအလား။ ထိုမြင်ကွင်းကို ဇာန်လင်းမှာ Lewisရင်ခွင်ထဲကနေ၍ ကြည်နူးစွာ ကြည့်နေရင်း Lewisရင်ခွင်ထဲရောက်နေတော့ သူနိူးလာတဲ့မနက်ခင်းလေးက ပိုပြီးပြည့်စုံနေ၏ဟု မခို့တရို့လေးပြုံးကာ တွေးနေပြန်သည်။" ဘာတွေကြည့်ပြီးပြုံးနေတာလဲ...ကိုယ့်ရဲ့ဇာန်လေး"
Lewis သူလည်းနိူးနေပြီဖြစ်ကာ ရင်ခွင်ထဲကနေလှုပ်စိလှုပ်စိဖြစ်နေသူကို တိုးဖက်ကာ မေးလိုက်သည်။
" ဟိုမှာလေ ဝရံတာဘက်ကိုကြည့်ကြည့် ကိုကျောက်"
ဇာန်လင်းလက်ညိုးထိုးပြသောနေရာကို Lewisအိပ်နေရင်းကနေ လှမ်းကြည့်လိုက်တော့ လှလှပပပွင့်နေသော ခရမ်းရောင်ညို့မှိုင်းမှိုင်းသစ်ခွပင်။
" ပြီးမှကြည့် ပြန်အိပ်ဉီး ...ကိုယ်ထပ် အိပ်ချင်သေးတယ်"
Lewis သိသည်။ သူတို့အခန်း ဝရံတာက ပန်းပင်ငယ်တို့က ဇာန်လင်း အလုပ်မရှိအလုပ်ရှာပြီး အိမ်မှာနေမကောင်းလို့နားနေခိုင်းတာကို ကိုယ်တော်လေးက ပန်းပင်ပေါင်းစုံစိုက်နေလေရဲ့။ အခုအဲ့အပင်တွေပွင့်လာတော့လည်း အခန်းပြင်ပ တစ်လျှောက်လှနေလျက်။ မိုးရွာတဲ့နေ့ မိုးအုံးအုံ့ဖြစ်နေတဲ့အချိန်ဆို အပင်နွယ်ခပ်စိမ်းစိမ်းနဲ့ ဂမုန်းပင်စိမ်းစိုစိုက အိမ်ရဲ့ဆေးရောင်ခြယ်သထားမှုနဲ့က သစ်တောမှာ အိမ်ဆောက်ထားသလို သဘာဝကျကျဖြစ်နေပြန်၏။ ထိုအချိန်ဆို ကော်ဖီလေးတစ်ခွက်နဲ့ ချစ်ရသူကို ရင်ခွင်ထဲထည့်ပြီး နှစ်ယောက်အတူ စာဖတ်သလိုလိုနဲ့ ရင်ခုန်သံနားထောင်ဖို့က အချိန်အခါကောင်းပင်။
ကိုယ့်ယောက်ျားမို့ပြောတာမဟုတ်ပေမယ်လို့ ဇာန်လင်းက အပင်စိုက်တာ လက်ဆိပ်ပါသည်။ ခြံထဲကအပင်လေးတွေဆို ငြိုးခြောက်နေတယ်ဆိုမရှိဘူး အကုန်စိမ်းစိမ်းစိုစို လန်းလန်းဆန်းဆန်းနဲ့။
တစ်ခုပဲ သူဖျားလို့ အိမ်မှာနေခိုင်းရင် နားနားနေနေမနေဘူး ခြံထဲကုပ်ကုပ်နဲ့ အိမ်တော်ကအလုပ်သမားတွေ လုပ်လိမ့်မယ် ပြောတာကိုမရဘူး။ အိမ်မှာအဲ့လိုတွေလိုက်လုပ်မှာစိုးလို့ ကုမ္ပဏီခေါ်သွားလည်း သူ့အနားကိုမနေဘူး။ စိတ်မချရဘူး။ လက်အောက်ကဝန်ထမ်းတွေလုပ်ရမယ့်အလုပ်လဲ သူချည်းဒိုင်းခံလုပ်။ အဲ့လိုနဲ့ဖျား။ လုံးချာကိုလိုက်နေ။ သူကစိတ်ပူလို့ပြောရင် ပြန်ကပြောသေးတာ " သူနဲ့ကိုယ်နဲ့ လက်ထပ်ထားတာ ဘယ်သူမှသိသေးတာမဟုတ်ဘူးတဲ့...ရုံးခန်းထဲအခန့်သားနေနေတော့ တစ်ယောက်ယောက်မြင်ရင် ပြောစရာဖြစ်ကုန်မယ်တဲ့"။ အဲ့လို့ပြောလာရင် Lewisစိတ်မကောင်းမိ။ ဇာန်လင်းအန္တရာယ်ဖြစ်မှာစိုးလို့သာ မကြေညာပြသေးတာ။ နို့မို့ဆို ဇာန်လင်းကိုခေါ်ပြီး လူပုံအလယ်ရှေ့မှာ " ဒါသူပိုင်ဆိုင်တဲ့အမျိုးသားလေး" ဆိုပြီး ဘယ်သူမှ လာမထိ၊ မရိုမသေမလုပ်ရလေအောင်ကြေညာလိုက်ချင်သည်။ သူကြိုမြင်နေတဲ့ အန္တရာယ်တစ်ခုကြောင့်သာ ငြိမ်နေရ၏။

YOU ARE READING
Destiny Love (Completed)
RomanceDestiny Love(ပဲပြုတ်သည်လေးရဲ့ချစ်ပုံပြင်) Unicode..... ပဲပြုတ်သည်ကောင်လေးတစ်ယောက်နဲ့ ချမ်းသာကြွယ်ဝတဲ့ သူဌေးလေးတစ်ယောက်တို့ အချစ်ပုံပြင်လေးပါ။ ပေါ့ပေါ့ပါးပါး စိတ်ကူးယဥ်ဆန်ဝတ္ထုတိုလေးပါ။ __________________________________________ Destiny Love(ပဲျပဳတ္သ...