Update time~22:17pm_10.5.2021
Unicode....
" ဗိုက်ထဲက ကလေးလည်း အနေအထားအကုန်မှန်တယ်၊ ကျန်းမာရေးလည်းကောင်းတယ်၊ ဒီကြားထဲ နေလို့ထိုင်လို့ မကောင်းမှ ထပ်လာခဲ့ပါ"
"ဟုတ်ကဲ့ ဆရာ...ဒါနဲ့လေ ဒီဆေးရုံမှာပဲမွေးချင်ပါတယ် ဆရာ့ဆေးရုံက ပုဂ္ဂလိကဆိုတော့ ကုန်ကျစရိတ်များမလားလို့...အခန်းခနဲ့ ဆေးဖိုးနဲ့ ကျွန်တော်လည်း ဆေးရုံစရိတ်မတတ်နိုင်လို့ပါ၊ ပြီးတော့ ကိုကျောက်ကလည်း ကျွန်တော့်ကို မမြင်ချင် လောက်ဘူး၊ မတော်တဆတွေ့နေရင်ဖြင့် ..."
"မောင်ရင်တို့ဘာဖြစ်ကြလဲ ဆရာတော့မသိဘူး...ဒါပေမယ့် မောင်ရင်ကိုယ်ဝန်ဆောင်ထားရတဲ့ကိစ္စကို သူ့ကိုလည်းသိစေချင်တယ်၊ ဆရာဟိုတစ်ခါကဖုန်းဆက်တာ သူမလာတော့ မပြောပြလိုက်ရဘူး"ဇာန်လင်း ဆရာဝန်ဦးတင်ပြောသည်ကို နားထောင်ရင်း သက်ပြင်းချမိကာ...
"သူမသိလည်း နေပါစေတော့... သူလည်းသူဘဝနဲ့သူအဆင်ပြေနေလောက်ပါပြီ"
တွေတွေလေး တစ်နေရာရာကိုငေးကာ သက်ပြင်းချပြီး သူ ပြောမိ၏။"မောင်ရင်သဘောပါပဲ... ဒါဆိုဂျူးဒိတ်မှပဲ ဆေးရုံလာတက်လိုက်တော့... ရက်ကသိပ်မလိုတော့ပါဘူး... ၂ပတ်လောက်နေရင်ရောက်ပါပြီ "
"ဟုတ်ကဲ့ပါဆရာ "
ဇာန်လင်း O.Gဆရာကို ဗိုက်လာအပ်တော့ ပထမသူ့ကိုစမ်းသပ်ပေးတဲ့ဆရာဝန်ကြီးဦးတင်နဲ့တွေ့ရာ အကျိုးကြောင်းပြောပြလိုက်သည်။ ကလေးမွေးတော့လည်း သူ့လက်ထဲရှိတဲ့ငွေလေးနဲ့ အကုန်ကျသက်သာလိုသက်သာငြား အစိုးရဆေးရုံမှာသာ မွေးရန်ဆုံးဖြတ်လိုက်သည်။ ဗိုက်ကလည်း(၉)လ ကျော်ပြီ။ ယောက်ျားလေးတဲ့။ အခု ဆရာဝန်ကြီးကိုပြောပြတော့ မျက်နှာမှာ Lewisကို သိစေချင်သည်က အထင်းသား။
ဆေးရုံကပြန်လာလိုက်ပြီး သူအလုပ်လုပ်သည့် ဂိုထောင်ကို တန်းလာလိုက်သည်။ ဇာန်လင်းပုံကတော့ ကိုယ်ဝန်ဆောင်ထားရတယ်ဆိုပေမယ့် ဗိုက်က အယ်ကားပြီးထွက်မနေ။ ကိုယ်ကပ်ဝတ်ရင် ဗိုက်ပူတာ ပေါ်ပေမယ့်။ သူဗိုက်ထွက်တာ လူတွေကို မသိစေချင်တော့ တီရှပ်အပွပေါ် လက်ရှည်တစ်ထပ်ပါ ထပ်ဝတ်ထားလိုက်သည်။ လက်တွေခြေတွေကလည်း ကိုယ်ဝန်ရင့်လာတာနဲ့အမျှ ယောင်ကာဖောင်းနေသည်။ ဂိုထောင်မှူးက မနေနိုင်လို့နေမှာ မေးလာသည်။
"ထိန်သာ မင်းခြေထောက်ရောဂါ ဖြစ်နေတာလား၊ ဖောင်းကားနေတာပဲ "
"ဒီလိုပဲ နည်းနည်းယောင်နေတာ"
အရယ်ကျဲကျဲနဲ့သာ ပြန်ဖြေလိုက်သည်။
ဇာန်လင်းသူအလုပ်လုပ်သည့် ဂိုထောင်က ကုန်ပစ္စည်းလက်ကားပေးတဲ့ဆိုင်ဖြစ်ပြီး ဇာန်လင်းကပစ္စည်းအတင်အချဆို ကိုယ်ဝန်ကြောင့် လုံးဝမလုပ်နိုင်။ အဝင်အထွက်စာရင်းတွေသာ မှတ်သည်။ ဂိုထောင်ကလူတွေကလည်း " ထိန်သာ မင်းကြည့်ရတာ အားရှိတဲ့ပုံလည်းမပေါ်ပါဘူး ဖယ်နေ" ဆိုပြီး သူ့ကို မလုပ်ခိုင်း။ သူ့အကြိုက်တွေ့ကာ ဝမ်းသာနေ၏။။ အမှန်သူလည်း သူတတ်နိုင်သလောက် သူများနည်းတူ လုပ်ချင်သည်။ ဗိုက်ထဲကလေးကြောင့်သာ ။ အလုပ်ရှင်ကလည်း သဘောကောင်းလှသည်။ လစာလည်းများများပေးသည်။ သူ Lewisဆီကထွက်လာပြီး ဒီမှာ အလုပ်လုပ်နေတာ ၂လရှိပြီ။ အခုလည်းဆေးရုံပြစရာရှိတယ်ပြောတော့ ဘာမှမမေးဘဲ ခွင့်ပေးသည်။ ကလေးကသူ့ကို ပြန်စောင့်ရှောက်သည် ထင်သည်။ မမွေးခင်တည်းက လာဘ်ကောင်လေးအလား။ ဘာပဲလုပ်လုပ်အဆင်ပြေချောမွေ့နေ၏။ သူ့အဖေ...သူ့အဖေဆိုတဲ့ ကိုကျောက်နဲ့ကတော့ ရေစက်ကုန်လို့ ခွဲခွာရတယ်လို့ပဲ သူတွေးလိုက်တော့သည်။ ကံကြမ္မာဆိုတာ လူကလုပ်တာလို့ပြောကြပေမယ့် ရေစက်မကုန်သေးရင်တော့ အင်း...မပြောတတ်တော့။ ပြန်ဆုံချင်ဆုံမှာပေါ့လေ။

YOU ARE READING
Destiny Love (Completed)
RomanceDestiny Love(ပဲပြုတ်သည်လေးရဲ့ချစ်ပုံပြင်) Unicode..... ပဲပြုတ်သည်ကောင်လေးတစ်ယောက်နဲ့ ချမ်းသာကြွယ်ဝတဲ့ သူဌေးလေးတစ်ယောက်တို့ အချစ်ပုံပြင်လေးပါ။ ပေါ့ပေါ့ပါးပါး စိတ်ကူးယဥ်ဆန်ဝတ္ထုတိုလေးပါ။ __________________________________________ Destiny Love(ပဲျပဳတ္သ...