Update date~30.12.2020~ 16:27Pm.
Unicode...
.
."ရှင်...ရှင်ဘယ်သူလဲ...ဘယ်လိုလုပ်ဒီခန်းထဲရောက်နေတာလဲ...ထွက်သွား ...ထွက်သွားလို့...အေးနော်ရဲတိုင်လိုက်ရမလား"
Liyaရေးချိုးပြီး ရေချိုးခန်းကထွက်လာတော့ ဂျစ်ကန်ကန်ပုံနဲ့ကောင်လေးတစ်ယောက် Liyaရဲ့ကုတင်ပေါ် အခန့်သားအိပ်နေ၏။ Liyaလည်း သူတစ်ယောက်တည်းရှိတဲ့အိမ်မို့ ရေချိုးခန်းကထွက်လာတော့ တဘက်ပင်ပတ်မထား၊ မိမွေးတိုင်းဖမွေးတိုင်း ထွက်လာ၏။ ထိုကောင်လေးကလည်း Liyaရဲ့တစ်ကိုယ်လုံးကို ရမက်ထန်ထန်ကြည့်ကာ သူ့အနားသွားပြီး အမြန်ပွေ့ကာ ကုတင်ပေါ်ပစ်တင်လိုက်သည်။ Liyaလည်းရုန်းကာ အော်သည်။
"ကယ်ကြပါဦး...ကယ်ကြပါဦး...နင်မယုတ်မာနဲ့"
"ဟာအနေသာကြီးပဲ...မယုတ်မာဘူး ရဲတိုင်ချင်လည်းတိုင်...မေးတော့လဲ ပြောလိုက်ရုံပေါ့...ဒီက အရင်ဆွဲဆောင်တာပါလို့...ဟားဟား"
Liyaအော်တော့ ထိုကောင်လေးကရယ်ကာ Bar၌တွေ့ခဲ့သည့် ညကအကြောင်းကိုပြောပြလိုက်သည်။
Liyaသူ့ကိုယ်ကို ဘေးကစောင်ယူကာဖုံးလိုက်ပြီး...
"နင်က ငါနဲ့တန်လို့လားဖယ်စမ်း...ဖယ်"
" တန်လားမတန်လားတော့မသိဘူး ဒါပေမယ့် မင်းလေးသိအောင်လာပြောပြတာ ကိုယ်တို့၂ယောက်က အတူတူနေပြီးပြီလို့ မယုံရင်သက်သေတွေလည်းရှိတယ်နော် ပြလိုက်လို့ရတယ်... ဖုံးမနေပါနဲ့ ဒီကအစ်မရဲ့ တစ်ကိုယ်လုံး အဲ့ညက အကုန်မြင်ဖူးပြီးသား...ဘိုင့်ဘိုင်"
တမင် Liyaထံလာကာ စိတ်အနှောင့်အယှက်ဖြစ်အောင်ပြောခြင်းပင်။ ပြုံးပြုံးနဲ့ပြောပြီးနောက် Liyaအိမ်မှပြန်ထွက်သွားလေ၏။ထိုကောင်လေးကတော့ Lewisဆေးခတ်ခံရတဲ့ည Lewisကိုကူညီခဲ့တဲ့ ကောင်လေးပင်။ကောင်လေးပြန်သွားတော့ Liyaစိတ်တိုတိုနဲ့ ကျန်ခဲ့ပြီး ထိုကောင်လေးထိတွေ့ခဲ့သောနေရာမှန်သမျှကို ရေပြန်ချိုးကာ ဒေါသထွက်ထွက်နဲ့ နှုတ်မှလည်း ကြိမ်းဝါးနေ၏။
"တောက်!!!! တန်ရာတန်ရာမမှန်းဘူး...သူ့လိုအဆင့်နဲ့များငါ့ကိုလာမှန်းနေတာ...တူသလားတန်သလား...ဟိုကောင်မကြောင့် နင်ပြန်သတိရမလာနဲ့တော့ အဲ့အတိုင်းသာနေနေလိုက်တော့....အားးးးး"

YOU ARE READING
Destiny Love (Completed)
RomantizmDestiny Love(ပဲပြုတ်သည်လေးရဲ့ချစ်ပုံပြင်) Unicode..... ပဲပြုတ်သည်ကောင်လေးတစ်ယောက်နဲ့ ချမ်းသာကြွယ်ဝတဲ့ သူဌေးလေးတစ်ယောက်တို့ အချစ်ပုံပြင်လေးပါ။ ပေါ့ပေါ့ပါးပါး စိတ်ကူးယဥ်ဆန်ဝတ္ထုတိုလေးပါ။ __________________________________________ Destiny Love(ပဲျပဳတ္သ...