Ep-3

860 61 6
                                        

Update date~7/11/2020~11:16Am
.
.
.
.
Unicode....

"တီ...တီ...တင်းတောင် ...တီ...တင်းတောင်...တီတင်းတောင်"

ဇာန်လင်း အဝတ်များနေရာချပြီး အညောင်းပြေရေချိုးကာ ထွက်လာစပင်ရှိသေးအိမ်ရှေ့၌ ဆူဆူညံညံနှင့် ကားဟွန်းသံနှင့်အိမ်တံခါးဘဲ(လ်)တီးသည့် အသံပါကြားနေရ၏။ ဇာန်လင်း ကပျာကယာအင်္ကျီကောက်ဝတ်ပြီး လှေကားမှဆင်းရုံရှိသေး အိမ်တော်ထိန်းမှ Lewisကိုတွဲခေါ်လာနှင့်သည်။ ထိုချိန်တံခါးပေါက်ဝနားထိလိုက်လာသော ကောင်လေးမှာ...

"ဒီအကိုလေးက ဆေးခတ်ခံထားရတယ် သက်သာအောင်အရင်လုပ်ပေးလိုက်ပါ"

"ဘယ်သူတွေလဲ သိလို့ရမလားဗျ"

ဇာန်လင်း Lewisကိုတွဲထားရင်းမှ လှည့်ကာမေးလိုက်သည်။ လာပို့ပေးသည့် ကောင်လေးကတော့ အနောက်က စောင့်နေသည့် ကားဟွန်းသံကြောင့် ဇာန်လင်းအမေးကိုပြန်လို့ပင်မဖြေလိုက်ရ အမြန်ပြန်ထွက်သွားလေ၏။

ဇာန်လင်း အိမ်တော်ထိန်းကို နားခိုင်းကာ သူတစ်ယောက်သာတွဲသွားတော့သည်။ အိမ်တော်ထိန်းရဲ့ ကြောက်ရွံ့စွာဆိုနေသည့် စကားကြောင့် ခြေလှမ်းက တုန့်ခနဲပင်ရပ်သွားရသည်။

"သခင်လေးက ဘေးအခန်းမှာအိပ်မှာပါတဲ့ ...အဲ့အခန်းကိုပဲ ပို့ပေးဖို့တောင်းဆိုချင်ပါတယ် ...မဟုတ်ရင် လေးလေးတို့ကို ဆူခံနေမှာစိုးလို့ပါ"

"ဟင်...အော်ဟုတ်ပြီ "

ဇာန်လင်းလည်း အိမ်၌အလုပ်လုပ်နေသည့်အလုပ်သမားများ အခက်မတွေ့စေရန် Lewisရဲ့ နီရဲရဲဖြစ်နေသည့် မျက်နှာကို ကြည့်ကာ အမြန်ပြန်ဖြေလိုက်ပြီး ပြောထားသည့်အခန်းကိုသာဝင်လေသည်။

အခန်းထဲဝင်ကာ Lewisကိုအရင်ဆုံး ကုတင်အိအိပေါ်တင်ပေးလိုက်ပြီး တခါးကိုအရင်ပိတ်လိုက်ကာ တံခါးနောက်က မီးခလုတ်ကို ဖွင့်လိုက်သည်။ ထိုချိန်ကုတင်ပေါ်မှ 'အင့်...အဲ'ဟု ငြီးသံနှင့် ရေတောင်းလာ၏။ ဇာန်လင်းလည်းရေခပ်ပေးလိုက်ပြီး သူ့အခန်းထဲပြန်သွားရန် ရေခွက်ကိုစောင့်ကာနေလေသည်။ Lewisရေသောက်ပြီးပြီးချင်း ခွက်ကို ဇာန်လင်းဆန့်ကျင်ဘက်ချလိုက်ပြီး ပူအိုက်ဟန်နှင့် အင်္ကျီကိုချွတ်နေလေ၏။ အရက်မူးကာချွတ်နေ၍လားမသိ ဆာလောင်နေသူကဲ့သို့ အတင်းအကြမ်းချွတ်နေသောကြောင့် ဇာန်လင်းမှာ Lewis၏ တောင့်တနေသည့်ဟန်ကို မသိကာ ကုတင်အိအိပေါ်တက်ကာ ချွတ်ပေးလိုက်သည်။ Lewisအဝတ်စားမရှိတော့သည်နှင့် ဇာန်လင်းကိုလက်ကောက်ဝတ်မှဆွဲကာ ice blue colourအိပ်ယာပေါ် မှောက်ချလေသည်။ ဇာန်လင်းမျက်လုံးများပြူးလာကာ ရုန်းသည်။ Lewisမှာစိတ်ကြွနေသောကြောင့်လားပင် အားသန်နေသည်လား ဇာန်လင်းမှာရုန်းမရချေ။ ဇာန်လင်းရဲ့အင်္ကျီကိုလက်တစ်ဖက်နှင့် ဆွဲချွတ်ကာ ရမ္မက်လောင်ကျွမ်းခြင်းက အစပြုနေပြီး၍ နောက်ဆုံး၌ဇာန်လင်းလည်း အိမ်ထောင်ဖက်ကလိုအပ်နေသည့်အခြေအနေကြောင့် မရုန်းတော့ပဲ လက်ခံလိုက်တော့သည်။မင်္ဂလာမောင်နှံနှစ်ဦးရဲ့ မင်္ဂလာဦးညက တောင်ဇလပ်ပန်းနီရဲရဲလို လှပနေ၏။

Destiny Love (Completed)Where stories live. Discover now