Ep-2

816 61 0
                                    

Update date~14:26pm/ 4.11.2020

Unicode....
.
.

ဇာန်လင်း၏ လက်ကိုတွဲထားသော Lewisရဲ့ လက်က ခါထုတ်သလို လွှတ်ချလိုက်ပြီး အနောက်တိုင်းဆန်ဆန်ဖြင့် ကြွကြွရွရွလှနေသည့် အင်္ဂလိပ်ဗမာကပြား မိန်းမပျိုလေးနှင့် စကားသွားပြောနေလေ၏။ ဇာန်လင်းလွှတ်ချခံလိုက်ရသည့် လက်ကိုပြန်ကြည့်ကာ သူ သေချာကြည့်မိမှ Lewisရဲ့မျက်နှာ အတိုင်းမသိပြုံးနေလေ၏။ ထိုမိန်းမပျိုလေးက Lewisရဲ့ ကျောင်းနေဘက်၊ လုပ်ဖော်ကိုင်ဖက်များနှင့်လည်း တရင်းတနှီးရှိလှဟန်၊ အချိန်ကြာကြာ လေဖောင်ဖွဲ့နေလေရဲ့ဟု ဇာန်လင်းတွေးနေသည်။ လက်ထပ်တယ်ပြောပြော ဇာန်လင်းသူ့ကိုယ်သူ ဘေးလူတစ်ယောက်လို ခံစားရလာ၏။ ရုတ်တရက် Lewis ဇာန်လင်းဘက်လှည့်လာပြီး ဝါးစားတော့မတတ်မျက်နှာဖြင့် ဇာန်လင်းဘက်လှည့်ကြည့်လာလေသည်။ ဇာန်လင်းလည်း အနှောင့်အယှက်ပေးသည်ဟု အထင်ခံရမည်ဆိုးကာ လူကြီးတွေထိုင်နေသည့် စားပွဲဝိုင်းနား သွားနှုတ်ဆက်လေ၏။

"ဦးသာစိန် ရဟန်းခံက ဘယ်အချိန်လဲ... ငါတို့လည်း သာဓုခေါ်ချင်လို့ "

ဦးမောမှ သူပေးခဲ့မိသည့်ကတိတည်ပြီးဖြစ်သောကြောင့် ဝမ်းသာကာ ပြုံးရင်း ဦးသာစိန်အားမေး၏။

"ဒီပွဲပြီးရင် တစ်ခါတည်းသွားတော့မလို့၊ ကျောင်းထိုင်ဆရာတော်ကိုလည်း လျှောက်ထားပြီးပြီ"

"ဘာလဲ အဘက သားကိုတောင်အသိမပေးပဲ ပွဲပြီးတာနဲ့ ချက်ချင်းဘုန်ကြီးဝတ်တော့မလို့လား၊ သားရောလိုက်မယ်နော် စောင့်ဦးဗျ"

ဇာန်လင်း မျက်နှာရှုံ့မဲ့မဲ့နှင့် ပြောလေသည်။ ဦးသာစိန် ဇာန်လင်း၏ ဆံသားနုနုအား ပွတ်သပ်ရင်း......

"သားကလည်း နေခဲ့ပါ၊ သားကျောက်ရှိန်းလူနဲ့ ညနေခင်းပွဲရှိသေးတာကို "

ထိုစဥ် ချောမွတ်လှသည့်မျက်နှာမှာ အလိုမကျဟန်အထင်းသားနှင့် Lewisရောက်လာကာ မိဘနားရှိနေသောဇာန်လင်းအား ဆိုလာ၏။

" အဟမ်း...ဧည့်သည်တွေရှိသေးတာကို သတိထားဦး၊ ငိုနေတော့ ဧည့်သည်တွေက ငါကမင်းကို တစ်ခုခုလုပ်လိုက်တယ်ထင်နေဦးမယ် "

Destiny Love (Completed)Where stories live. Discover now