update date~8/12/2020~7:48Am
Unicode........ပွိုင့်ဒေါက်ဖိနပ်ရဲရဲဖြင့် အသံမြည်အောင် ကုမ္ပဏီကြမ်းခင်းတစ်လျှောက် ကြွကြွရွရွလျှောက်လှမ်းလာကာ ပုရိသအပေါင်းတို့ကိုဆွဲဆောင်နိုင်သည့် မွေးရာပါဖော်ချွတ်ကာ မလုံ့တလုံ့အဝတ်အစားနှင့် Liyaက Lewisရှိရာ အထပ်သို့ တက်လာလေသည်။ အခန်းရှေ့ရောက်တော့ ခွင့်မတောင်းပဲ တံခါးဖွင့်နေသည့် Liyaကို အတွင်းရေးမှူးက ထိုင်နေရာမှ အမြန်ပင်ထကာ တံခါးရှေ့ပိတ်ရပ်ပြီး အသည်းအသန်တားနေလေ၏။
"အစ်မရေ ကြိုတင်ချိန်းထားတာမရှိရင် ဝင်လို့မရပါဘူးရှင့် ..."
" ငါက ကြိုတင်ချိန်းမှ တွေ့ရမယ့်လူစားမျိုးမဟုတ်ဘူး...ဘေးဖယ်နော် ...အေးLewisသိသွားမှ နင်တို့အလုပ်ပြုတ်ရင် ငါအာမမခံနိုင်ဘူး"
Liya မတူမတန်သလို အပြောနှင့် ရုံးခန်းရှေ့က အတွင်းရေးမှူး ၂ယောက်ကို ဒေါသထွက်ကာပြောနေ၏။ အတွင်းရေးမှူးနှင့် Liya ၂ယောက် Lewisရုံးခန်းရှေ့ အခြေအတင် စကားများကြပြီးနောက် အတွင်းရေးမှူးမှာစိတ်ရှုပ်လာဟန်နှင့် သူ့သူဌေးအားပြောမည်အလုပ် ရုံးခန်းနှင့်ဆက်သွယ်ထားသည့်ဖုန်းမှ Lewisရဲ့ အေးစက်စက်အသံထွက်လာလေ၏။ Liya မကျေမနပ်နှင့် သူ့ရှေ့တားနေသည့်အတွင်းရေးမှူး၂ယောက်ကို ကြည့်နေလေ၏။
"..."
"ဟုတ်ကဲ့ပါ ဘော့စ်"
"ဒီကအစ်မရှင့် သူဌေးကပြောခိုင်းပါတယ် ... သူ မအားသေးပါဘူးတဲ့ရှင့် "
"နင်တို့ငါနဲ့တွေ့မယ် ကြပ်ကြပ်သတိထားနေကြ"
Liya လာသည်က မနေ့ညကအဖြစ်အပျက်ကို Lewisသိအောင် ပြောပြချင်ကာ လာချင်းပင်။ သို့သော် မတွေ့လိုက်ရကာ ဝင်ခွင့်မပေးသည့် အတွင်းရေးမှူး၂ယောက်ကို ကြိမ်းဆိုပြီး ရုံးခန်းရှေ့ခြေစောင့်ပြီး ထွက်သွားလေ၏။
ရုံးခန်းအတွင်း၌...
" ကို...ကိုကျောက်...ဧည့်သည်ကအရေးကြီးလို့နေမှာ တွေ့လိုက်ပါနော် ...ကျွန်တော်လည်း ထွက်လာတာကြာနေပြီ အလုပ်နေရာကိုသွားတော့မယ်ဗျ ..."
ဇာန်လင်းအပြင်ဘက်က အသံကြောင့် Lewisသူ့အားနမ်းနေသည်ကို ရုန်းကာ မောဟိုက်ဟိုက်အသံဖြင့် အားယူကာ Lewisစားသုံးထား၍ ထူပူနေသည့် နှုတ်ခမ်းသားအိအိကို လက်ဖြင့် ဖိရင်း ပြောလိုက်သည်။ ဇာန်လင်းပြောပြီး ထမည်အလုပ် Lewisက သူ့လက်အား ဆွဲထားပြီး အတွင်းရေးမှူးထံ ဖုန်းနှိပ်ကာ 'အဝင်မခံပါနဲ့'ဟု ခပ်ပြတ်ပြတ်ပြောကာ ဇာန်လင်းကို သူ့ပေါင်ပေါ်ဆွဲယူကာ အဆက်မပြတ်သေးသည့် အနမ်းတို့ကို ပြန်စလေ၏။

YOU ARE READING
Destiny Love (Completed)
RomanceDestiny Love(ပဲပြုတ်သည်လေးရဲ့ချစ်ပုံပြင်) Unicode..... ပဲပြုတ်သည်ကောင်လေးတစ်ယောက်နဲ့ ချမ်းသာကြွယ်ဝတဲ့ သူဌေးလေးတစ်ယောက်တို့ အချစ်ပုံပြင်လေးပါ။ ပေါ့ပေါ့ပါးပါး စိတ်ကူးယဥ်ဆန်ဝတ္ထုတိုလေးပါ။ __________________________________________ Destiny Love(ပဲျပဳတ္သ...