သေဆုံးခြင်း ( သဆေုံးခွငျး)

5.2K 232 3
                                    

"‌နောက်ဆုံးတော့ ခင်ဗျားရဲ့ယုတ်မာမှုတွေ ခင်ဗျားပြန်ခံစားရတော့မယ် ခင်ဗျားကြောင့်သေခဲ့ရတဲ့လူတွေ ပျက်စီးခဲ့ရတဲ့လူတွေ မရေတွက်နိုင်တော့ဘူး ခင်ဗျားလုပ်ခဲ့တာတွေကို နောင်တကောရမိလား…"

"ငါဘယ်တော့မှ နောင်တမရဘူး ပြီး‌တော့မင်းထင်တာမှားနေပြီ မင်းရဲ့ဆရာ ငါက ဘယ်သူကိုမှ မသတ်ခဲ့ဘူး…"

"ခင်ဗျားကိုယ် ခင်ဗျားအခုထိ သူတော်ကောင်းယောင်ဆောင်နေတုန်းဘဲလား ရွှယ်ဟွာတောင်သခင် ရွှယ်ဝူဝေ့ ခင်ဗျားကကျုပ်ဆရာ ဖြစ်ခဲ့လို့ ကျုပ် ချန်းရှင်းက ခင်ဗျားကိုအခွင့်အရေးတစ်ခုပေးမယ် ခင်ဗျားအပစ်တွေကို ဝန်ခံခဲ့ရင် ကျုပ်ခင်ဗျားကိုလွတ်ပေးမယ်…"

"ဟက်…ငါဘဝတစ်လျှောက်လုံး ငါဘာအပစ်မှ မလုပ်ခဲ့ဘူး တောင်းပန်စရာလည်း ဘာမှမရှိဘူး ဒါပင်မဲ့ ငါနောင်တတော့ရမိတယ် မင်းကိုငါရဲ့တပည့်အဖြစ်လက်ခံခဲတာကိုတော့ ငါဘဝမှာနောင်တအရဆုံးဘဲ…"

"မင်းကငါကို ဒီလောက်သတ်ချင်နေမှာတော့ မင်းသတ်စရာမလိုပါဘူး ငါအမြူတေကိုငါခွဲပြီး အဆုံးစီရင်လိုက်မယ်…"

ရွှယ်ဝူဝေ့ စကားဆုံးတာနဲ့ ချက်ချင်းသူရဲ့ အမြူတေကို ဖောက်ခွဲပလိုက်တာကြောင့်ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်သွားသည်။ ချန်းရှင်းသူအရှေ့က မြင်လိုက်ရတဲ့ မြင်ကွင်းကသူကိုလုံးဝစွံအ သွားစေသည်

"ခင်ဗျား…ခင်ဗျားဘာလုပ်လိုက်တာလည်း ခင်ဗျားရူးနေတာလား…? ဒီလိုလုပ်တာ ခင်ဗျားဝိညာဉ်ကို အစိတ်စိတ်ကွဲသွားနိုင်တာ ခင်ဗျားမသိဘူးလား အခုချက်ချင်း ရပ်စမ်း"

အလင်းရောင်တွေဝန်းရံနေတဲ့ ရွှယ်ဝူဝေ့ကပြုံးလိုက်ပြီး

"ရှင်း‌လေ ငါတပည့်သတ်လို့သေတဲ့ ဆရာတစ်ယောက်မဖြစ်ချင်ဘူး ပြီးတော့ရပ်လို့လည်းမရတော့ဘူး ငါရဲ့အမြူတေက ကွဲတာကြာခဲ့ပြီ…အခုမင်းဖြစ်ချင်တဲ့ အတိုင်းဖြစ်နေပြီဘဲ ပျော်လိုက်ပါတော့…"

"ရွှယ်ဝူဝေ့ခင်ဗျားရူးနေပြီလား…? ကျုပ်လိုချင်တာဒါမဟုတ်ဘူး…"

ချန်းရှင်းပြောပြီးတာနဲ့ ရွှယ်ဝူဝေ့နားသွားပြီး အမြူတေဖျတ်ဆီးတာကို ရပ်အောင်လုပ်နေသည် သူရဲ့လက်တွေကလည်းတဆက်ဆက်တုန်နေပြီး သူရဲ့မျက်လုံးတွေကလည်း ကြောက်လန့်မှု စိုးရိမ်မှုတွေနဲ့ပြည့်နေသည်

As like a systemDove le storie prendono vita. Scoprilo ora