မင်းသူရဆက် ပြန်ရောက်လာတဲ့နေ့ကစပြီး ဟိန်းဆက်နိုင်တစ်ယောက် လုပ်ချင်တာလုပ်လို့မရဖြစ်နေသည်။ ဘယ်ကနေဘယ်လိုပါလာမှန်မသိတဲ့ ဘောဒီကပ် နှစ်ယောက်ကလည်း သူနားမှာအမြဲရှိနေသည်။
ဟိန်းဆက်နိုင် သူဒီကမ္ဘာကနေမြန်မြန်ထွက်သွားနိုင်မဲ့နည်းကို စဉ်စားရင်းသုအဖြေတစ်ခုရသွားခဲ့သည်
( နီကွန်း မင်းသူရဆက်က ငါကိုသဘောကျနေတာမဟုတ်မလား )
[## အဲ့တာကိုမင်းအခုမှသိတာလား##]
( သိတာတော့ကြပြီး ငါထင်တာမှားမှာဆိုးလို့မပြောတာ)
[## မင်းအဲ့လောက်တုံးမယ်လို့ မထင်ထားခဲ့မိဘူး ဒါနဲ့မင်းဘာလုပ်မလို့လည်း ##]
( ဒီလိုကွာ ဒီကမ္ဘာက မစ်ရှင်ပြီးအောင်လုပ်ဖို့စဉ်စားနေတာ )
[## နေ နောက်ဘက်က ထွက်လာတာများလား ဆောက်တွင်းကြီး မိုးရွာနေလို့များလား##]
( ငါအကောင်းပြောမလို့ မနောက်နဲ့ )
[##......!!!##]
( အရင် ဟိန်ဆက်နိုင်ရဲ့ဆုတောင်းက ဒီကလေးဘဝကို သာယာစေချင်တာပြီးတော့ သူကကျတော့ သူချစ်တဲ့သူနဲ့နေချင်တာမဟုတ်လား )
[## အေလေ ##]
( အဲ့တော့ မင်းသူရဆက်သာငါကို ဆွဲစားလိုက်ရင် တစ်ချက်ခုတ်နှစ်ချက်ပျက်လဲ)
[## မင်းကသူကိုဆွဲစားမှာ မဟုတ်ဘူးလား ဘာလိုသူကမင်းကိုစားရမှာလား ##]
( မင်းမရှည်နဲ့ ငါစားခိုင်းလးချင်တဲ့ သူကိုစားခိုင်းမယ် ပါစပ်ပိတ်ထား)
ဟိန်းဆက်နိုင် နီကွန်းနဲ့စကားပြောနေရင်း ဗီဒိုကိုဖွင့်ကာ ဒူးအပေါ်နားလောက်ထိရှည်တဲ့ ညဝတ်အင်္ကျီအဖြူအပါးလေးကိုလဲ ပြီး အောက်ထပ်ဆင်းလာခဲ့သည်။ သူအောက်ထပ်မှာ မင်းသူရဆက်ကိုရှာတာမတွေတာကြောင့် မင်းသူရဆက်အခန်းကိုသွားလိုက်ပြီး
"သူရ အခန်းထဲမှာလား "
အထဲကပြန်ဖြေသံမကြားတာကြောင့် ဟိန်ဆက်နိုင် စာကြည့်ခန်းဖက်ထွက်လာတော့မှာ တွေပါပြီ မုဆိုးကို သူအဖြစ်က မုဆိုးဖမ်းတာခံချင်လွန်းတဲ့သားကောင်းလို မုဆိုးကိုမတွေ့ တွေ့အောင် ရှာနေရသည်။ ဟိန်ဆက်နိုင် စာကြည့်ခန်းထဲဝင်သွားပြီ စာအုပ်တစ်အုပ်ကိုယူကာ မင်းသူရဆက်ရဲ့ အရှေ့ကဆိုဖာပေါ်မှာ ခြေထောက်ကို ချိတ်ထိုက်လိုက်ပြီး စာအုပ်ကို ဟိုလှန်ဒီလှန်နဲ့ မင်းသူရဆက်ကိုချောင်းကြည့်နေသည်။