မှောင်မဲပြီး အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်မှုကြီးဆိုးနေတဲ့ အမှောင်ထုတစ်နေရာတွင်
(ဒါကဘယ်နေရာလည်း မှောင်မဲနေတာဘဲ ငါကကောဘယ်လိုလုပ်ဒီရောက်နေတာလည်း…)
လူတစ်ယောက်အတွေးပေါင်းများစွာနဲ့ စမ်းတဝါးဝါး လမ်လျှောက်နေသည် ထိုလူကတော့တခြားသူမဟုတ်ပေ ဖင်းကောဖြစ်သည် လျှောက်လာတာကြာပြီ ဖြစ်သော်လည်း ဘယ်ရောက်နေပြီး ဘယ်အချိန်အလင်းရောင်ကိုမြင်မလည်းဆိုတာ မခန့်မှန်းနိုင်လောက်တဲ့ မဟူရာအမှောင်ကြီးထဲမှာ အသံတစ်သံကို ရှင်းရှင်းလင်းလင်းကြာလိုက်ရသည်
##မဟူရာနယ်မြေမှ ကြိုဆိုပါတယ် ##
ကလေးသံလိုလို ယာင်္ကျားလေးသံလိုလိုအသံ ကြီးကြောင့် ဖင်းကော ခေါင်းမိုက်ခနဲဖြစ်သွားတာကြောင့် ခေါင်းကိုကိုင်လိုက်ပြီး
"ဘာနယ်မြေ…??"
## မဟူရာနယ်မြေပါ ##
"မင်းကဘယ်သူလည်း…ဘယ်နေရာကစကားပြောနေတာလည်း…"
## မင်းငါကိုမမြင်ရဘူးလား ငါကမင်းရှေ့မှာလေ ##
" ကျစ်…ဒီနေရာက ဒီလောက်တောင်မှောင်နေတာ ဘိုအေ ကိုမြင်မလား လဒရဲ့ မင်းကဘာကောင်လဲ…"
## ငါက ကျီကန်းလေ မင်းသောက်လုံးကဒါလေးတောင်မကောင်းဘူးလား ## ကျီးကန်သူဒီလူကိုယဉ်ယဉ်ကျေးကျေးပြောဖို့ ဆုံဖြတ်ထားပင်မဲ့သူကို လဒလို့လာခေါ်တာကြောင့် သူရိုင်းကိုယ်ရိုင်း ပြန်ရိုင်းလိုက်သည်
ဖင်းကော ကျီးကန်းကိုပြောစရာ စကားပျောက်သွားသည်
"……" (မဲမဲမှောင်မှောင်ထဲမှာ ကျီးကန်းကိုမြင်နိုင်တဲ့ မျက်လုံးရှိရင် ငါကိုခဏလောက်ငှားကြစမ်းပါ အဲ့ကျီးကန်းဆိုတဲ့အကောင်ကို သွားသတ်ချင်လို့)## မင်းပြောချင်ရင် ပေါ်တင်ပြော စိတ်ထဲကပြောမနေနဲ့ ငါကြားနေရတယ် ##
သူစိတ်ထဲကပြောလိုက်တဲ့စကားကို ကျီးကန်ဆိုတဲ့အကောင်က သိနေတာကြောင့် ဖင်းကောနည်းနည်းတော့ အံ့ဩသွားသည်
"ထားလိုက်ပါတော့ မပြောတော့ဘူး ငါမေးတာကိုသာဖြေ…"
##ဘာမေးမလို့လည်း ##
