ချန်းရှင်း သူစောင့်နေရင် အချိန်တွေကကုန်လာတာကြောင့် သူ မစောင့်နိုင်တဲ့အဆုံး အရက်သောက်နေတဲ့ အခန်းကိုထွက်လာချိန် ထောင့်တစ်ထောင့်မှာ လူနှစ်ယောက်ဖြတ်သွားတာကြောင့်
"ရပ်လိုက်စမ်း…"
ရွှယ်ဝူဝေ့ သူနဲ့ဖက်တီးထွက်လာရင်း အနောက်ကအော်သံကြားလိုက်တာကြောင့် ဖနှောက်နဲ့တင်ထိတဲ့အထိ ဖက်တီးကိုဆွဲကာ ပြေးတော့သည်။ ချန်းရှင်းသူအော်မှာ ပိုပြေးသွားတဲ့လူနှစ်ယောက်ကြောင့်
"ယင်းနဲ့ ယွဲ့ အဲ့နှစ်ယောက်ကိုဖမ်း "
ချန်းရှင်း အော်လိုက်ပြီးနောက် ဘယ်ကနေ ဘယ်လို့ရောက်နေလာလည်းမသိတဲ့ လူနှစ်ယောက်က ထွက်လာပြီး ရွှယ်ဝူဝေ့တို့ကို ဝိုင်းလိုက်သည်
( နီကွန်းငါဒီနှစ်ယောက်ကို တိုက်ရင်နိုင် နိုင်လား…?)
[## မင်းကခန္တာကိုယ်နဲ့ သိပ်မတွဲနိုင်သေးတာကြောင့် သူတို့ကနှစ်ယောက်ကို မင်းနိုင်အောင်တော့မတိုက်နိုင်သေးဘူး လွတ်အောင်တော့ပြေးနိုင်တယ် ချန်းရှင်းမှီလာရင်တော့ မင်းမလွတ်နိုင်တော့ဘူး ##]
( Ok ပြီ)
"ဖက်တီး ငါအချက်ပြလိုက်တာနဲ့ နောက်ကိုလှည့်မကြည့်နဲ့ ဂူရှိတဲ့နေရာကိုတန်းသာပြေးတော့ ကြားလား"
ဖက်တီးခေါင်းငြိမ့်လိုက်ပြီး ရွှယ်ဝူဝေ့အချက်ပြမဲ့ အချိန်ကိုစောင့်နေလိုက်သည် ရွှယ်ဝူဝေ့ သူအရှေ့မှာ ရပ်နေတဲ့ သူကိုကြည့်လိုက်တော့မျက်လုံးနှစ်လုံကလွဲပြီး တစ်ကိုယ်လုံးက အဝတ်တွေနဲ့ ဖုံးထားတယ် ရွှယ်ဝူဝေ့ ဂူကိုသွားမဲ့ လမ်းဘက်ကကလူကို အရင်တိုက်ဖို့ဘယ် ခြေထောက်ကို အနောက်ကိုအနည်းငယ်ဆုတ်လိုက်ပြီး
"အမလေကယ်ကြပါအုံး ခင်ဗျားခြေထောက်အောက်မှာ မြွေကြီးအကြီးကြီးဘဲ "
ရွှယ်ဝူဝေ့သူထင်ထားတဲ့အတိုင်းဘဲ သူရှေ့ကအမဲရောင်လူသားကြီးက သူခြေထောက်အောက်ကို အာရုံပြောင်းသွားချိန် ထို့လူရဲ့ ဂွကြားကို ကန်ချလိုက်သည် နီကွန်း ဝူဝေ့ကိုကြည့်ပြီး သွေးအန်ကာ ဘာပြောရမှန်းမသိဖြစ်သွားသည်