ဟိန်းဆက်နိုင် ( ဟိန်းဆက်နိုင် )

1.2K 173 6
                                        

ဟိန်းဆက်နိုင်တစ်ယောက် ဇာတ်လိုက်တွေမကြီးသေးတာကြောင့် အိပ်လိုက်စားလိုက် လုပ်နေရင် တဖြေးဖြေး ငပျင်းကြီးဖြစ်လာသည် မင်းသူရဆက်ကိုလည်း လိုလေ့သေမရှိအောင်စောင့်ရှောက်ရင်း အခုဆိုရင် မင်းသူရဆက်တို့က ဆယ်ခြောက်နှစ်တောင်ရောက်လာပြီဖြစ်သည် သူပျင်းလို့ မာန်သူ့ဆိုတဲ့အကောင်ကို သွားရှုပ်ပါတယ်ဆိုမှာ အဲ့အကောင်က ပေါ်ကိုမလာတော့ဘူး သူလည်းလုပ်စရာမရှိတော့ ရုပ်ရှင်လေးကြည့် မုန့်လေးစား ပေါ့

" ဝါးးးး မင်းသားကမိုက်တယ်ကွာ တစ်ချက်ထည်းနဲ့မင်းသမီးကို သိမ်းသွားတာ ငါလည်းအဲ့နည်းလမ်းကို အတုခိုးရမယ် "

[## ဘာမှမလုပ်ဘဲ ဒီအတိုင်းနေ‌နေတော့မှာလား ##]

( ငါလည်းတစ်ခုခုလုပ်ချင်တာပေါ့ ဒါပင်မဲ့ ဇာတ်လိုက်တွေက ငယ်ငယ်လေးဘဲရှိသေးတဲ့ဟာကို ငါဘာလုပ်ရမှာလည်း )

သူနီကွန်းနဲ့စကာပြောနေတုန်း ခြေသံကြားလိုက်ရတာကြောင့် လှမ်းကြည့်လိုက်တော့ သူစီလျှောက်လာပြီး လွယ်အိပ်ကိုတခြားခုံပေါ်တင်ကာ သူပေါင်ပေါ်မှာ လာအိပ်ချလိုက်တဲ့ မင်းသူရဆက်

( အော်ဒီကလေးတောင် အရွယ်တော်တော်ရောက်လာပြီဘဲ )

" မင်းသူရဆက် မျက်နှာလည်းမကောင်းပါလား…??"

"ကိုကို ကျွန်တော်မေးစရာရှိတယ် "

" မေးလေး "

" လူတစ်ယောက်ကို ချစ်မိရင်အဲ့လူကို ဘယ်လိုယူရမလည်း "

" အမယ် ငါညီက ရည်းစားတွေဘာ‌တွေတောင်ရနေပြီလား "

" ကျွန်တော်ကိုပြန်မမေးနဲ့ဗျာ ကျွန်တော်မေးတာသာပြန်ဖြေ "

" ကောင်ပါပြီဗျာ သခင်လေးသဘောအတိုင်းဘဲပါ။ လူတစ်ယောက်ကို ကိုယ်ကချစ်နေပြီဆိုရင် ကိုယ်ကအရင်ဆုံးအဲ့လူထက်သာအောင်လုပ်ရမယ် ပြီးရင် အဲ့လူကိုသိမ်းပိုက်လိုက် အေးဆေးဘဲဒါက မြန်မြန်ပိုင်ဆိုင်ရမဲ့နည်း ဘဲ နောက်မှာ ပြသာနာရှိခဲ့ရင် ဒီကကျွန်တော်မျိုးကလိုက်ရှင်းပေးမယ် အိုကေလား "

" အဲ့အတိုင်းလုပ်ရင်ကောင်းပါမလား "

" အဲ့တာက‌မပြောတက်ဘူး ကောင်းမကောင်းသိချင်ရင် လုပ်ကြည့်ပေါ့ "

As like a systemWhere stories live. Discover now