ရွှယ်ဝူဝေ့ ( ရွှယ်ဝူဝေ့ )

1.6K 186 3
                                        

ရွှယ်ဝူဝေ့ သူပြန်နိုးတဲ့နေ့ကစပြီး သူဘေးနားတောက်တက်လိုလိုက်‌နေတဲ့ ချန်းရှင်းကြောင့် နန်းတော်ထဲမှာ နမည်ကိုကြီးနေသည် ပြီးတော့ ချန်းရှင်းက အမတ်တွေကိုလည်း အိမ်ရှေ့စံနေရာမယူဘူးဆိုပြီး သွားပေးလိုက်တာကြောင့် ရှန်းကျောက် လက်ထပ်‌ဖို့သတိုးသားပျောက်နေသည်။ ဝူဝေ့သူသတိမေ့နေတုန်းက အိမ်‌ရှေ့စံနေရာကို လက်ခံထားလို့ဆိုပြီး ချန်းရှင်းကို စိတ်ဆိုးကာ နန်းတော်ထဲပတ်ပုန်းနေသည်။ ချန်းရှင်းက နန်းတော်ထဲပတ်ပုန်းနေတဲ့ သူရဲ့ကျားပေါက်လေးကို လိုက်ရှာရင် အမတ်တွေလက်ကလည်း ပတ်ပုန်းနေသည်။ အမတ်တွေကလည်း သူတို့ဖန်းနိုင်ငံတော်မှာ ချန်းရှင်း‌လောက်ထူးချွန်ထက်မြက်တဲ့ မင်းသားမရှိတာကြောင့် လျှိနိုင်ငံကမင်းသမီးကိုလက်မထပ်ချင်ရင်တောင် အိမ်ရှေ့စံနေရာကို လက်ခံပေးပါဆိုပြီး နန်တော်ထဲ ပတ်ပုန်းနေတဲ့ မင်းသားကိုလိုက်ဖမ်းနေရသည်။ ဒါကြောင့်အရင်က တိတ်ဆိတ်လွန်းတဲ့ နန်းတော်ဟာ အခုဆို အသံပေါင်းစုံနဲ့ ပျော်စရာကောင်းနေသည်။

ရှန်းကျောက် သူဖန်းနိုင်ငံက အိမ်ရှေ့စံနဲ့ လက်ထပ်ဖို့ရောက်လာတာ သုံးလာကျော်နေပြီ ဘာအကြောင့်မှ မကြားရတော့တဲ့ လက်ထပ်ပွဲကြောင့် သူပျော်နေသည် သူပျော်နေတာ တခြားကြောင့်တော့မဟုတ်ဘူး သူအခု ဖန်းနိုင်ငံတော်ရဲ့ မင်းသားတစ်‌ယောက်ဖြစ်တဲ့ ဖန်းမင်းကွေ့နဲ့ ချစ်သူဖြစ်နေသည် ဖန်းမင်းကွေ့က အိမ်ရှေ့စံ ဖန်းချန်းရှင်းလောက်မတော် ပင်မဲ့လည်း သူနေရာနဲ့သူတော်ထူးချွန်သည့်သူဖြစ်သည် ပြီးတော့သူအရင်သဘောကျခဲ့တဲ့ ရွှယ်ဝူဝေ့ကလည်း အခုနန်တော်ထဲမှာဘဲဆိုတော့ မစားရလည်း အညော်ခံလိုရတာကြောင့် သူအရမ်းကျေနပ်နေသည်

သိပ်မကြာခင်မှာဘဲ ဖန်းမင်းကွေ့က နန်းတော်ညီလာခံမှာ လျှိနိုင်ငံကမင်းသမီး လျှိရှန်းကျောက်နဲ့ လက်ထပ်ချင်တဲ့ အကြောင်းကို ပြောခဲ့တယ် ဘုရင်ကော အမတ်တွေကော ဖန်းမင်းကွေ့ရဲ့ စကားကြောင်သူတို့ရင်ထဲကအပူလုံးကြီးကျသွားပြီး သူတို့နှစ်ယောက်ကို သဘောတူပေးခဲ့သည် ညီလာခံသိမ်းဖို့လုပ်နေချိန်မှာဘဲ မိုး ပြိုကျမတက်ဖြစ်နေတဲ့မျက်နှာနဲ့ ညီလာခံထဲဝင်လာတဲ့ ချန်းရှင်းကြောင့် အမတ်တွေဝိုင်းဖမ်းလိုက်ကြသည်

As like a systemNơi câu chuyện tồn tại. Hãy khám phá bây giờ