အပိုင်း၁

5.6K 164 8
                                    

JEN....JENNIE KIM ဆိုတဲ့ နာမည်အရှည်ကိုမသုံးပဲ
JEN ဟုသာ သူမနာမည်ကို အဖျားစွတ်သုံးတတ်သောသူမ
YG company ceo ရဲ့တစ်ဦးထဲသောသမီး
မောက်မာမှုမရှိပဲ စိတ်ထားဖြူစင်သော သူမ
ရုပ်ရည်ဆိုသည်မှာလဲ ယောကျာ်းလေးများသာမက မိန်းကလေးများပါ လည်ပြန်ငေးရလောက်အောင် ချောလွန်းလှသူ
အရာရာပြည့်စုံသူဟုထင်ရသော်လဲ လက်တွေ့မှာ မေတ္တာ တရားကိုငတ်မွတ်နေသူ။အဖေ၏ အလုပ်ဟူသောအကြောင်းပြချက်နဲ့ လျစ်လျှူရှု့မှု မိထွေးသားအမိနဲ့ အဆင်မပြေကြားနေနေရသော သူမမှာ JENNIE KIM သာဖြစ်သည်။

IRENE-ဟဲ့...ဒါတွေလုပ်နေတာအခုထိမပြီးသေးဘူးလား

အဝတ်လှန်းနေသော JEN ကိုမိထွေးက စိတ်မရှည်စွာလှမ်းအော်လိုက်လေ၏
CEO တစ်ယောက်ရဲ့ သမီးက အဝတ်လှန်းနေသည်မှာ အိမ်အကူမရှိ၍မဟုတ်
မိထွေးအပြစ်ပေးသည်ဟူသော စကားလုံးကြောင့်ဖြစ်သည်။ဘေးက အိမ်တော်ထိန်းနှင့်အလုပ်သမားများက JEN ကိုကြည့်၍ စိတ်မကောင်းဖြစ်ကြသည်။
အမှန်တော့ JEN မလွန်ရဲလို့မဟုတ် မိထွေးဆီက မေတ္တာ လေးများရမည်အထင်ဖြင့်လုပ်ပေးနေခြင်းဖြစ်သည်
JEN ၇နှစ်အရွယ်ထဲ အမေဖြစ်သူဆုံးပြီးနောက် အဖေကနောက်အမေအသစ်နဲ့အမတစ်ယောက်ရှာပေးမယ်ဟုဆိုကာ မိထွေးဖြစ်သူလက်ထပ်လိုက်ခြင်းဖြစ်သည်
JEN လဲ မိထွေးနဲ့သူ့သမီး IRENEကို အမေနဲ့အမရင်းလို ချစ်ပေမဲ့ မြေခွေးလိုကောက်ကျစ်တဲ့ ထိုသားအမိကတော့ ဖခင်ရှေ့တစ်မျိုးနောက်ကွယ်ကျတစ်မျိုး ယုတ်မာနေကြသည်။

JENNIE-ပြီးတော့မှာပါ မမရဲ့

JEN ပြောလိုက်ပြီး လက်ကိုကြည့်လိုက်တော့ အရေခွံစုတ်ပြတ်နေလေပြီ

IRENE- ဒါက နင်ကိုငါတို့သားအမိကနှိပ်စက်တာမဟုတ်ဘူးနော် နင်မွေးထားတဲ့ခွေးက ငါ့အကျီကိုကိုက်သွားလို့ အပြစ်ပေးတာ

JEN ၏ အချစ်တော်ခွေးလေး KUMA ကIRENE ဂါဝန်ကိုကိုက်ဖြတ်လိုက်၍ ဒေါသထွက်နေခြင်းဖြစ်သည်
........................................................................
CHAE- BAN ငါဂွင်တစ်ခုတွေ့ထားတယ်

ဆံပင်ကိုမြင့်မြင့်စီးထားပြီး ဂျင်းဘောင်းဘီဒူးပြဲလေးနဲ့ ကုတ်အကျီကို ယောကျာ်းလေးကိုတည်ကြည်ခန့်ငြားတဲ့ အသက်၂၂ဝန်းကျင် ကောင်မလေး LALISA MANOBAN

🌧ဖြစ်ချင်တိုင်းသာ ဖြစ်ခွင့်ရှိလျှင်🌧Where stories live. Discover now