အပိုင်း၁၆

1K 60 0
                                    

လေဆိပ်

လွန်ခဲ့တဲ့ရက်က အရာရာကိုရင်မဆိုင်နိုင်လို့ ထွက်ပြေးခဲ့တဲ့ ကောင်မလေးမဟုတ်တော့

လောကကြီးက ကိုယ့်မျက်ရည်တွေနဲ့ မပြောင်းပစ်နိုင်မှန်း Jen သိခဲ့ရပြီ

အသွားကကောင်မလေးမှာ မျက်ရည်တွေနဲ့

အပြန်ကကောင်မလေးမှာတော့

အရာရာကိုဂရုမစိုက်ပဲ သူမဲ့ရင်ကိုယ်မဲ့မယ် သူပြုံးရင် ကိုယ်ပြုံးမယ် အနည်းဆုံးတော့ အရှုံနဲ့ လမ်းမခွဲဘူး

Jen အခန်းပြန်လာတော့ ထုံးစံအတိုင်း သူမရှိရင် ရှုပ်ပွနေတတ်သည့်အမှိုက်ပုံနီးနီး

နှစ်ရက်လောက်သွားမိလို့မဟုတ်ရင် soo တစ်ယောက် ကြွက်ကိုက်ခံနေရလောက်ပြီ

အခန်းရှင်း ရေမိုးချိုး အလှပြင်ပြီး မှန်ထဲလှည့်ပတ်ကြည့်ကာပြုံးရင်း

အနည်းဆုံးတော့ သူမလှနေဖို့လိုသည်

အနီရင့်ရင့်နှုတ်ခမ်းကို တစ်ချက်သပ်ကာ

(Sexy sexy အကိုနိုအော်သံဖြင့်)

(မိန်းမလှတစ်ယောက်ဟာ ဘယ်မျှသောခွန်အားနဲ့ အချိုးညီပါသလဲ ပန်းတစ်ပွင့်လား ပန်းတစ်ခင်းလား ဓားတစ်လတ်လား စစ်မြေပြင်တစ်ခုစာလား)

ကားလေးငှားရင်း soo ရှိရာသို့ထွက်လာခဲ့သည်

Soo တစ်ယောက်သူမကိုမြင်တော့

Soo-နင် နင် သရဲလား

Jen-အာ ဘာဖြစ်နေတာလဲ နှစ်ရက်မတွေ့တာနဲ့ မမှတ်မိတော့ဘူးလား

Jenပြောမှ ပါးစပ်ပိတ်ကာ လက်ကလဲသူမလည်ပင်းကိုလာညှစ်ကာ

Soo-အရူးမ ဘာလို့မပြောမဆိုပဲထွက်သွားရတာလဲ

လမ်းပေါ်ကလူတွေပင်ရန်ဖြစ်တယ်ထင်ပြီး ကွက်ကြည့်ကွက်ကြည့်

Jen-ဟဲ့ ဟဲ့ ငါ့ကိုလွှတ်ဦး သူ့အားကြီးနဲ့
ငါတို့တစ်နေရာမှာညစာသွားစားရအောင်

Soo-သွားမယ်လေ

စားသောက်ဆိုင်

Jen နဲ့soo စားသောက်ဆိုင်မှာညစာစားရင်း
လှပလွန်းတဲ့Jen ပုံစံလေးကိုတစ်ချက်ပြုံးကြည့်ရင်း

🌧ဖြစ်ချင်တိုင်းသာ ဖြစ်ခွင့်ရှိလျှင်🌧Where stories live. Discover now