Jen ချိန်းထားတဲ့ နေရာကိုအရင်ရောက်နှင့်နေကာ
ခဏနေတာ့ Jinny ရောက်လာကာ
Jinny-နည်းနည်းနောက်ကျသွားတယ်
Jen-ဟုတ်ရပါတယ်
နောက်ကျမှုအတွက် sorry ဆိုတဲ့စကားကိုပင်မကြားရတာမို့ Jen ခပ်ယဲ့ယဲ့ပြုံးပြကာ
Jinny-တို့အတွက်အချိန်တွေမလုံလောက်တာမို့ ပွင့်ပွင့်လင်းလင်းပဲပြောကြရအောင်
(ငါတို့ကအားနေတာဆိုတော့လေ)
Jen-ကောင်းပါပြီ ကျွန်မတို့နှစ်ဦးကြားကဘာများဖြစ်မလဲ
Jinny-lili နဲ့မင်းဘယ်လိုပတ်သတ်လဲ
Jen-ကျွန်မတို့ကချစ်သူတွေပါ
Jinny-တို့က...
Jen သူမစကားမဆုံးခင်ပင်
Jen-ဟုတ်ကဲ့ ကိုရဲ့ of လို့ ကိုပြောထားပါတယ်
Jinny-ဟုတ်တယ် of ဆိုပါတော့
ဒါပေမဲ့ အချိန်တွေဟာ ရေတွေလိုမြန်မြန်စီးပေမဲ့ တို့ liliပေါ်အချစ်တွေရှင်သန်နေသလို lili ဆီမှာလဲ တို့နဲ့ပတ်သတ်တဲ့ သံယောဇဉ်တွေ ကျန်သေးတယ်ဆိုတာ မြင်နေရတယ်
ဥပမာ အချိန်တွေအားလုံးနီးပါးတို့ကိုပေးနေသလိုမျိုးပေါ့Jen-အဲ့အကြောင်းတွေက ကို နဲ့ပဲဆွေးနွေးသင့်တယ်လို့ကျွန်မထင်တယ်
ကျွန်မနဲ့ပြောတာထက် ကို နဲ့ပြောတာက အဖြေရမှာပါJinny-မင်း lili ကိုလက်ထပ်နိုင်မလား
Jen-အဲ့လိုစကားမျိုးက ကို ဆီမှာပဲအရင်ဆုံးပြောချင်တာမို့ စိတ်မရှိပါနဲ့
Jen စကားအပြီး အသာထရပ်ကာ
Jen-တကယ်ဆို ကျွန်မတို့ကြားမှာ အဖြေမရှိပါဘူး
ရှင်လိုချင်တာကို ကိုနဲ့ပဲဆွေးနွေးလိုက်ပါJinny-တို့က မင်းထက် lili ရဲ့လိုအပ်ချက်တွေကိုပိုဖြည့်ဆည်းနိုင်တယ်
Jinny စကားကိုခေါင်းညိမ့်ပြကာJen ထွက်လာရင်း
စိတ်တွေထဲပိုလေးလံကာ
ကိုပြောတဲ့ မိတ်ဆွေတစ်ယောက်လို ဆက်ဆံရေးမျိုး သူမဘက်က အတွေးမရှိဘူးဆိုရင် စိတ်ချထားလို့ဖြစ်ပါ့မလား
YOU ARE READING
🌧ဖြစ်ချင်တိုင်းသာ ဖြစ်ခွင့်ရှိလျှင်🌧
Randomဖြစ်ချင်တိုင်းသာ ဖြစ်ခွင့်ရှိလျှင် မင်းကရေဆို ကိုယ်က hydrophilic လေးပေါ့ ရေကိုခင်တွယ်တဲ့အရာလေးလေ KARDRA MAUNG