အပိုင်း၁၇

1.1K 67 7
                                    

Gi တစ်ယောက်အလုပ်ထဲပဲအချိန်ကုန်နေတာများတာကြောင့် တိတ်ဆိတ်ရာတစ်နေရာမှာ အချိန်ဖြုန်းရန် ထွက်လာခဲ့သည်

ဆိုင်လေးက စာအုပ်ဆိုင်လေးနဲ့တွဲထားဖို့ တိတ်ဆိတ်ငြိမိသက်လှသည် ကျောင်းသူကျောင်းသားများကလဲသူတို့ စာတမ်းအတွက်အလုပ်ရှုပ်နေကြသည်

Gi လဲထောင့်ဆုံးခုံလေးတွင် ကော်ဖီတစ်ခွက်စာအုပ်တစ်အုပ်ဖြင့်အပန်းဖြေနေသည်

Irene တစ်ယောက် အမေနဲ့စကားများကာ အိမ်ကထွက်လာသည်
အခုဆို Jen အဖေထားခဲ့တဲ့စည်းစိမ်တွေက သူ့အမေလောင်းကစားလုပ်လို့ တော်တော်လေး ကုန်နေလေပြီ
Company ရှယ်ယာရှင်တစ်ချို့ဆို သူတို့ရှယ်ယာတွေကိုထုတ်ကာ ထွက်ကုန်ကြပြီ အဲ့လိုအခြေအနေတွေဖြစ်နေတာတောင် YG company ကိုဟန်မပျက်ထိန်းထားနိုင်သည်မှာ သူ့အရည်အချင်းကြောင့်ပဲလား ကံကောင်း၍လားမသဲကွဲ

ဒါပေမဲ့ ရေရှည်ဒီပုံအတိုင်းဆို ဒေဝါလီခံရပြီးသူတို့သားအမိလမ်းဘေးရောက်မှာမြင်ယောင်သေး

အတွေးတွေနဲ့ထွက်လာရင်း ပတ်ဝန်းကျင်ကိုသတိမပြုမိ
ဆိုင်ကထွက်လာတဲ့ Gi ကိုကားနဲ့တိုက်မိမလိုဖြစ်သွားသည်

Irene-ဒီမှာအဆင်ပြေရဲ့လားမသိဘူး rene သတိမထားလိုက်လို့ပါ ထနိုင်လာ

ပြာယာခတ်ကာမေးနေတဲ့သူမပုံစံကြောင့်သူမရီချင်သွားသည်

Seulgi-ရပါတယ် ဘာမှကြီးကြီးမားမားမဖြစ်ပါဘူး ခြေထောက်နည်းနည်းနာသွားယုံပါ

Irene-သေချာလို့လား ဆေးခန်းသွားမလား လိုက်ပို့ပေးမယ်

Seulgi-ရပါတယ် မလိုပါဘူးကွာ
ဘာလဲမင်းကရဲတိုင်မှာကြောက်လို့လား

Irene ခေါင်းညိမ့်ပြကာ

Seulgi-မတိုင်ပါဘူး မင်းလဲနောက်ဆိုကားမောင်းရင်သတိထားမောင်း သွားတော့မယ်

Irene-ခဏ ဒါ rene ရဲ့လိပ်စာကတ်ပါ အခုခုအဆင်မပြေတာရှိရင် ဆက်သွယ်လိုက်ပါ ဒီအတွက် rene တစ်ခုခုပြန်လုပ်ပေးပါရစေ

Seulgi-ok တို့သွားပြီနော်

Gi ထွက်သွားတော့

Irene-💭ဘယ်လိုလူလဲ နာမည်လေးတောင်ပြောမသွားဘူး
ကျွန်မတို့နောက်တစ်ခါထပ်ဆုံနိုင်သေးတယ်မှတ်လား💭

🌧ဖြစ်ချင်တိုင်းသာ ဖြစ်ခွင့်ရှိလျှင်🌧Where stories live. Discover now