Jen အိပ်ယာနိုးလာတော့
အရင်ဆုံး ရင်ခွင်ထဲဝင်အိပ်နေတဲ့ ကို ကြောင့်ပြုံးကာ
နဖူးလေးအသာစမ်းကြည့်တော့ အဖျားငွေ့လေးနည်းနည်းရှိပေမဲ့ ညကလောက်မပူတော့
မျက်နှာပေါ် ကျနေတဲ့ ကို ဆံပင်လေးတွေ သပ်တင်ပေးကာ တစိမ့်စိမ့်ကြည့်ရင်း ချစ်မဆုံးတော့
အရမ်းလှတာပဲ ကို က မျက်ဝန်းလေးတွေမှေးယှက်ထားတာမို့ မျက်တောင်ရှည်တွေစင်းကျနေကာ နှာတံလုံးလုံးလေးအောက်က ကလေးလို ရဲတွတ်နေတဲ့ နှုတ်ခမ်းရဲရဲလေး
သူမကို စိတ်ကိုညှို့နေသလို ထင်ရအောင်
သူမကိုကြည့်တိုင်း အရည်လဲ့နေတဲ့ ကို မျက်ဝန်းလေးတွေကို အချစ်ဆုံးပဲ အဲ့မျက်ဝန်းတွေထဲ သူမအတွက် အချစ်တွေစီးဆင်းနေသလို ထင်ရအောင်ကြည့်တတ်ကာ
တစ်ခုခုကိုလိုချင်လာတိုင်း အကျပ်ကိုင်ပြီး ညစ်ကျယ်ကျယ်လေး မျက်ဝန်းကိုမှေးစင်းပြီးကြည့်တိုင်း ရင်ကအတိုင်းအဆမရှိခုန်ပေါက်ကာ
ကို နည်းနည်းလောက်အကျပ်ကိုင်လိုက်တာနဲ့ပဲ သူမက ပျော့ကွေးကျလာတဲ့ မီးနဲ့ထိတဲ့ဖယောင်းတိုင်သဖွယ်......
ကို ကို ငေးနေခွင့်ရတဲ့အချိန်ဟာ မနေ့ကထပ်ပိုလှတယ်
မနေ့ကနာကျင်ရတာတွေ မေ့နေအောင် သာယာဖို့ကောင်းတယ်သူမကြည့်ရင်း ပိတ်ထားတဲ့ မျက်ခွံလေးတွေက သွေးကြောလေးတွေ မြင်နေရအောင်ပင် ကြည်စိမ်းနေတဲ့ ကို အသားလေး
မချင့်မရဲဖြစ်လာတာမို့ မျက်နှာကိုအနည်းငယ်ငိုက်ချကာ ကို မျက်ခွံလေးကိုထိယုံလေးငုံ့နမ်းရင်း နိုးသွားမှာစိုးသောကြောင့် နှုတ်ခမ်းလေးတော့ငေးယုံသာ....
ကို့ အတွက်မနက်စာပြင်ပေးချင်သည်မို့
ကို ခေါင်းအုံးနေတဲ့သူမလက်ကိုအသာဖယ်ကာထဖို့ပြင်တော့Lisa-!!အင်း!!
သူမခါးကို ကို လက်တွေ သိုင်းဖက်လာကာလွန့်လူးလာတာမို့
Jen-ကို နိုးနေပြီလား
Lisa-ဟင့်အင်း
Jen-ဟမ် မနိုးတဲ့သေးတဲ့သူက ဟင့်အင်းတဲ့လား
YOU ARE READING
🌧ဖြစ်ချင်တိုင်းသာ ဖြစ်ခွင့်ရှိလျှင်🌧
Acakဖြစ်ချင်တိုင်းသာ ဖြစ်ခွင့်ရှိလျှင် မင်းကရေဆို ကိုယ်က hydrophilic လေးပေါ့ ရေကိုခင်တွယ်တဲ့အရာလေးလေ KARDRA MAUNG