အထိန်းတော်ရန် အရှင့်ကိုကြည့်ပြီးဘယ်လိုမှမနေသာ အစားလည်းကောင်းကောင်းမသံုးဆောင်နိုင်သလို
ကိုယ်ရံတော်ရှင်းချန်နဲ့ ဝမ်နင်ဆီက ကြင်ယာတော်ရဲ့သတင်းကိုသာနားစွင့်နေခဲ့ တယ်
ဘယ်သူ့ကိုမှစကားမပြော
ဘယ်သူ့ရဲ့လျှောက်တင်ချက်မှလည်းနားမေထာင်ပေးနိုင်
ဒါကြောင့်အထိန်းတော်ရန်ဆုံးဖြတ်လိုက်ပီ
အရှင်နားမထောင်ရင်တောင်
ဇွတ်ပြောရမှာပဲအရှင်
ပေးသမျှအပစ်တို့ကိုလည်းခံယူဖို့အသင့်ဖြစ်နေခဲ့ပီ
ကိုယ့်ရဲ့မှားယွင်းမှုကြောင့်အရှင်ဒီလောက်ထိခံစားနေရတာကိုမကြည့်ရက်"အရှင် ကျွန်တော်လျှောက်တင်စရာရှိပါတယ်အရှင်"
အရှင်ကစိတ်နဲ့လူနဲ့မကပ်သလို ဖြစ်နေပီးသူပြောတာကိုပင် နားထဲဝင်ပုံမပေါ်ပေ
"ကြင်ယာတော်လေးရှိနိုင်မယ့်နေရာ အကြောင်းပါ "
ထိုအခါမှခေါင်းမတ်လာပီး မျက်ဝန်းလေးတွေတောက်လာကာ မျှော်လင့်ချက်ပြည့်နေသော အသံဖြင့်
"သိထားတာတွေမြန်မြန်ပြော"
"ကြင်ယာတော်လေးဘေးမှာ အမြဲရှိနေတဲ့
ကိုယ်ရန်တော်က ချင်ဘုရင်ပါ ""ဘာ!!!!!"
"ဘယ်လိုဖြစ်တာလဲ"
"ချင်ဘုရင်က အကူညီတောင်းလို့ပါ
ဝမ်နိုင်ငံကိုလည်း အန္တရာယ် မဖြစ်စေရဘူးဆိုလို့ပါအရှင်
ကျွန်တော်အမှားလုပ်မိပါတယ်
ချင်အရှင်ကကြင်ယာတော်လေးကိုသေဘာကျနေမှန်း နောက်မှသိလိုက်ရတာပါအရှင်"
အထိန်းတော်ရန်လည်း အလျင်အမြန်ပဲဒူးထောက်လို့တောင်းပန်လိုက်တယ်
အရှင့်ခွင့်မလွှတ်လည်း ကျွန်တော်အပစ်မတင်ပါဘူး
ကျွန်တော်ကအမှားလုပ်ခဲ့မိတာကိုးအရှင့်မျက်နှာကိုအကဲခတ်မိတော့ တင်းမာနေတဲ့မျက်နှာဟာ တဖြည်းဖြည်းပြုံးရောင်သန်းလာတယ်
"ဆိုလိုချင်တာက ကြင်ယာတော်လေးကချင်နိုင်ငံမှာရှိနိုင်တယ်ပေါ့"
ပြုံးရွှင်စွာပြောလာခဲ့တဲ့အရှင်
အရင်ညို့မှိုင်းနေတဲ့မျက်လုံးတို့ဟာ မျှော်လင့်ချက်ရောင်ခြည်လေးတွေသန်းလာတယ်
YOU ARE READING
Chance🐰မထင်မှတ်ထားသောအခွင့်အရေး🐰S1 {Completed}
Fanfictionအရမ်းလည်းကြိုက်ပီးအရမ်းလည်းအားမရဖြစ်ခဲ့တဲ့ ficထဲကဇာတ်ကောင်လေးရဲ့ကံကြမ္မာကိုငါကိုယ်တိုင်ပြင်ဆင်ခွင့်ရမယ်လို့တကယ်မထင်ထားဘူး