ဒွေးတော်ခေါ်တဲ့နောက်လိုက်သွားတော့
ဒွေးတော်ရဲ့ အဆောင်က မယ်မယ်အဆောင်ရဲ့ အနောက်ဘက် အတော်လှမ်းလှမ်းမှာ တစ်သီးတသန့်ပုံစံမျိုးရှိပြီး တိတ်ဆိတ်ငြိမ်သက်နေတာပဲ
အဆောင်တော်ထဲဝင်တော့ လည်း တဆောင်လုံးမှာ အနီ ရောင် နဲ့အနက်ရောင် သာ သုံးထားပြီး နံရံတွေမှာ နတ်မင်းတွေရဲ့ ရုပ်ပုံတွေချိတ်ဆွဲထားပြီး ရုပ်ပုံ တစ်ခုချင်းစီမှာလည်း ပူဇော်ထားတဲ့ ပစ္စည်းတစ်မျိုးစီ ရှိနေတယ်
ပုံတွေရဲ့အောက်မှာလည်း ရှေးဟောင်းတရုပ်စာတွေစီပြီးရေးထားတာမို့ ရှောင်း ကျန့်တစ်လုံးမှနားမလည်
ကျောချမ်းနေတာတော့အမှန်"အံသြေနတာလား ရှောင်းကျန့်"
"ဗျာ "
"မင်းရဲ့အကြောင်းတွေသိနေလို့လေ"
ရှောင်းကျန့် နည်းနည်းတော့ ကြောက်နေပေမယ့်လည်း သိချင်တာက သိချင်တာပဲမို့ မေးဖို့ပဲ ဆုံးဖြတ်လိုက်တယ်
"ကျွန်တော် ဘယ်ကလာတာ လဲဆိုတာ သိတယ်မလား"
"သိတယ်လေ အားလုံးကို ငါကပဲစီစဥ်ပေးခဲ့တာကို"
ထင်တော့ထင်သားပဲ ဒွေးတော်နဲ့ သေချာပေါက် ပတ်သက်မှုရှိရမယ်လို့
"ကျွန်တော့်ကို ဒီရောက်အောင်လုပ်ခဲ့တာ ကျဲလား "
"ဟုတ်တယ် "
"ဘာလို့လဲ ကျွန်တော့မှာလည်း မိသားစုရှိတယ်လေ ဒီလို စိတ်တိုင်းကျ ခေါ်ချင်တိုင်းခေါ်လို့ရလား"
"သေချာစဥ်းစားပါအုံး ရှောင်းကျန့်ရဲ့ ငါမင်းကို အတင်းအကြပ်ခေါ်ခဲ့ရတာမဟုတ်ဘူးနော် မင်းကိုယ်တိုင်ကလာချင်ခဲ့တာပါ"
"အာ့ဆို အဲ့ဒီficက ကျဲရေးတာလား"
"မင်းက တိုက်ဆိုင်မှုလို့ထင်နေတာလား
တစ်ချို့သောတိုက်ဆိုင်မှုတွေက တမင် ဖန်တီးယူထားရတာ ""ဒါဆိုကျဲက ကျွန်တော့ကို ခေါ်ဖို့ အဲ့ficကိုရေးခဲ့တာပေါ့
ဘာလို့လဲ ဘာလို့ ကျွန်တော်က ကြင်ယာတော် ရှောင်းနေရာကို ရောက်လာခဲ့ရတာလဲ
ဒါဆို ကြင်ယာတော်ရှောင်းကရော
ဘယ်ရောက်သွားတာလဲ ပျောက်ကွယ်သွားတာလား"
YOU ARE READING
Chance🐰မထင်မှတ်ထားသောအခွင့်အရေး🐰S1 {Completed}
Fanfictionအရမ်းလည်းကြိုက်ပီးအရမ်းလည်းအားမရဖြစ်ခဲ့တဲ့ ficထဲကဇာတ်ကောင်လေးရဲ့ကံကြမ္မာကိုငါကိုယ်တိုင်ပြင်ဆင်ခွင့်ရမယ်လို့တကယ်မထင်ထားဘူး