"အရှင် ကျွန်တော်လည်း လိုက်မယ်လို့"
စစ်ချီထွက်မှာပါ လိုက်မယ်အတင်းပူဆာနေတဲ့ကလေးငယ်က စစ်တိုက်သွားမှာကို
သွားကစားမယ်များထင်နေလားပဲ
အန္တရာယ်များလို့မခေါ်ချင်တာပါကလေးရယ်
ကလေးကို ထိခိုက်မိမှာဆိုးလို့ပါ ဒါကိုအဆိုးလေးလိုက်အတင်းရစ်ကျနေတယ်"အန္တရာယ်များလို့ မလိုက်ခိုင်းတာပါ ကလေးရယ် "
"အရှင်ကလည်း ကျွန်တော်လည်း ယောက်ျားလေးပါ စစ်တိုက်ထွက်ချင်တာပေါ့ "
လူကြည့်တော့ သေးသေးကွေးကွေးလေးနဲ့ စစ်တိုက်ထွက်ချင်သေးတယ်တဲ့
လူသတ်ဖို့မပြောဖို့ သွေးမြင်တာနဲ့ မေ့လဲသွားမှာ ကို ဒီပိစိက ကြီးကြီးကျယ်ကျယ်တွေပြောနေတာမို့ မယုံသလ်ိုမေးလိုက်တော့"လူသတ်ရဲလို့လား ကလေး က "
"ဟမ် လူသတ်ရမယ် "
မျက်လုံးပြူးပြူးလေးနဲ့ အံသြသလိုမေးလာတဲ့ ကလေး နဂိုထဲက မခွဲချင်ပါဘူးဆို မထားခဲ့နိုင်အောင်လုပ်နေတာ"စစ်တိုက်ပါတယ်ဆို လူသတ်ရမှာပေါ့ကလေး ရဲ့ "
"လူတော့မသတ်ရဲပေမယ့် အထင်မသေးနဲ့နော် ခရာတေး ခါးပတ်နက်နဲ့ ဂျူဒို ခါးပတ်နက်ရထားတာ အောင်လအန်ဆန်ကိုလည်း စိန်ခေါ်ထားသေးတယ် ဒီကိုရောက်လို့သာ မပြိုင်လိုက်ရတာ "
"ဘာတွေပြောနေတာလဲ ခါးပတ်နက်ဆိုတာဘာကိုပြောတာလဲ ကလေး"
"အရှင်ပိန်းဥရှင်းပြလဲနားလည်မှာမဟုတ်ဘူး"
ဟမ် ကလေးက သူ့ကို ပိန်းဥလို့ပြောတာလား သူကလူပါ ဒီနေ့ကလေးစကားပြောတာတွေကထူးဆန်းနေရတာလည်း သေချာတာကတော့ သူ့ကိုယ်သူချီးကျူးနေမှာပဲနေမှာ
ကလေးအကြောင်း ဒီလောက်တော့သိပါတယ်
မဖြစ်ဘူး လုံးဝခေါ်လို့မဖြစ်ဘူး သူ့စိတ်မချဖြစ်နေရတာနဲ့ပဲ စစ်တိုက်ရမှာမဟုတ်ဘူး"ကလေးကပါ စစ်တိုက်ထွက်ရင် မျမ်မျမ်တို့
ချင်မင်းသမီးတို့ကို ဘယ်သူက ကြည့်ပေးမှာလဲ မယ်တော်နဲ့ ဒွေးတော်ကို ဘယ်သူက ကာကွယ်ပေးမှာလဲ ကိုယ့်ရဲ့ ကသေူရဲကောင်းလေးက ကာကွယ်ပေးရမှာပေါ့ ဟုတ်ဘူးလား "
VOUS LISEZ
Chance🐰မထင်မှတ်ထားသောအခွင့်အရေး🐰S1 {Completed}
Fanfictionအရမ်းလည်းကြိုက်ပီးအရမ်းလည်းအားမရဖြစ်ခဲ့တဲ့ ficထဲကဇာတ်ကောင်လေးရဲ့ကံကြမ္မာကိုငါကိုယ်တိုင်ပြင်ဆင်ခွင့်ရမယ်လို့တကယ်မထင်ထားဘူး