ချင်ဘုရင်ကို အချုပ်ခန်းထဲမှာထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းကြားထဲက မောင်ငယ်ကိုတွေ့ဖို့ လူခြေတိတ်တဲ့အချိန်နဲ့ မျမ် အိပ်မောကျတဲ့အချိန်ထိစောင့်နေပြီး မှ ခိုးထွက်လာခဲ့ ဖေးရီဟာ ခြေတလှမ်းနောက်ကျခဲ့တယ် သူရောက်သွားတဲ့အချိန်မှာ မောင်ငယ်က သွေးအိုင်ထဲမှာ လဲနေပြီ
ဘေးမှာ ပြိုလဲနေတဲ့ မိဖုရားကို ဝမ်ဘုရင်က ထွေးပွေ့ထားတယ်
နောက်ဆုံးတော့လည်း မိဖုရားက အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်းကိုပြန်ယူသွားခဲ့တာပဲ
မိဖုရားကိုလည်းအပြစ်တင်ပြီး ကလဲ့စားမချေခြင်တော့ဘူး မောင်ငယ်ကလည် သူ့ကိုအဲ့လိုလုပ်စေချင်မှာမဟုတ်ဘူး မောင်ငယ်က ဒီမိဖုရားကို ဘယ်လောက်ထိသဘောကျလဲဆိုတာ သူအသိဆုံး
အချစ်ကလူကို အသိဉာဏ် မဲ့စေတယ်တဲ့ အဲ့စကားက မောင်ငယ့်အတွက်ပဲမဟုတ်ဘူး ဖေးရီအတွက်လည်းမှန်နေခဲ့တာ မောင်ငယ်ကို မိဖုရားလေးကိုခွင့်လွှတ်နိုင်ပေမယ့် မောင်ငယ်ကို အန္တရယ်တွင်းထဲ တွန်းပို့သလို ဖြစ်ခဲ့တဲ့ သူ့ကိုယ်သူတော့ ခွင့်မလွှတ်နိုင်ခဲ့ဘူး
မျမ်မျမ်ကိုလည်း မင်းကြောင့် မောင်ငယ်သေရတာဆိုပြီးလည်းအပြစ်မဖို့ချင်ဘူး
ဒီလောကကြီး အချစ်တွေ အတ္တတွေ ပိုင်ဆိုင်လိုမှုတွေနဲ့ ရှုပ်ထွေးလွန်းတယ်
မနေချင်ဘူးဒီလိုလောကြီးထဲမှာ
ဒါကြောင့်ဖေးရီရဲ့ ဆုံးဖြတ်ချက်တွေက ပြတ်သားခဲ့တယ် မောင်ငယ်ကိုမျက်နှာပြနိုင်ဖို့ အရေး တစ်ခုတည်းသော လမ်းကို သူရွေးချယ်ခဲ့တယ်မနက်ရောက်တော့ ကြားလိုက်ရတဲ့ သတင်းကြောင့် ရှောင်းကျန့်နောင်တကြီး စွာရမိတယ် သူ့ရဲ့ လက်စားချေလိုတဲ့ စိတ်တွေကြောင့် လူသုံးယောက်ရဲ့အသက်က ထပ်ပြီးဆုံးရှုံးသွားရတယ် အကိုတော်ရဲ့ သေဆုံးမှုကို ပြန်ပေးဆပ်ချင်တာနဲ့ ချင်နိုင်ငံကို တောင်းဆိုခဲ့တာ သူ့ရဲ့ ပထမအမှား အကိုဖုန့်ရန်ဆီသွားပြီး အပြစ်တင်စကားတွေ ပြောခဲ့မိတာ သူ့ရဲ့ ဒတိယအမှား ခုတော့ ဒီကိစ္စတွေနဲ့ မသက်ဆိုင်တဲ့ အမတော်ဖေးရီနဲ့ မျမ်မျမ်က ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ကြတယ်တဲ့လေ
ဟုတယ်ဖေးရီက မောင်ငယ်အပေါ် သစ္စာဖောက်မိသလို ခံစားရတာမို့ အဆိပ်သောက်ပြီးသတ်သေသွားခဲ့တာ
မျမ်မျမ်ကိုလည်း ဘယ်လောက်ထိချစ်ခဲ့ကြောင်း သူ့ကို မေ့ပြစ်လို့ရပြီး ဖြစ်တဲ့အကြောင်း စာချန်ထားခဲ့ဖို့ လဲ မမေ့ခဲ့ဘူး
ဒါကို မနက်နိုးလာတဲ့မျမ်မျမ်က တွေ့သွားပြီး ယူကျုံးမရဖြစ်ခဲ့ရတယ် အမတော် ဒီလမ်းကိုရွေးချယ်လိမ့်မယ်လို့ သူလုံးဝမထင်ထားခဲ့ဘူး မျမ်မျမ်လည်းအမတော်ကို ချစ်ပါတယ်
သခင်လေးအပေါ် သစ္စာရှိပေးချင်ခဲ့ရုံပါ
အမတော် အပေါ် အပြစ်လုပ်မိတယ်လို့မတွေးခဲ့ဘူး ဒါတောင်အမတော်က နောက်ဆုံးအထိ သူ့ကိုခွင့်လွှတ်ပေးခဲ့တာ အမတော်ရဲ့ အချစ်တွေအတွက်ပြန်ပေးဆပ်ဖို့ မျမ်မျမ်လည်း အမတော်ရဲ့နောက်ကို လိုက်သွားဖို့ပဲ ရွေးချယ်ခဲ့တာ
DU LIEST GERADE
Chance🐰မထင်မှတ်ထားသောအခွင့်အရေး🐰S1 {Completed}
Fanfictionအရမ်းလည်းကြိုက်ပီးအရမ်းလည်းအားမရဖြစ်ခဲ့တဲ့ ficထဲကဇာတ်ကောင်လေးရဲ့ကံကြမ္မာကိုငါကိုယ်တိုင်ပြင်ဆင်ခွင့်ရမယ်လို့တကယ်မထင်ထားဘူး