Part 33

9.2K 856 31
                                    

ဝမ်နိုင်ငံနဲ့ရှောင်းကျန့်နဲ့ ဓာတ်မတည့်ဘူး
ရောက်ရောက်ချင်းမှာပဲ ပြသနာနဲ့ရင်ဆိုင်နေရတယ်
အရင်နေတဲ့အဆောင်မှာပဲနေပါ့မယ်ဆိုတာကို ဝမ်ဘုရင်ကလက်မခံဘူး
သူ့အဆောင်မှာပဲအတင်းနေခိုင်းတယ်
ရှောင်းကျန့်တစ်ယောက်ရှင်ချင်တယ်
ဒီဝမ်ဘုရင်နားနေရင်အမြဲတမ်း ​ရင်တုန်နေရလို့ ကိုယ့်ဘာသာသီးသန့်ပဲနေချင်တာ
ကြောက်ကြောက်လန့်လန့်နေရတာမပျော်ဘူးသူ့မိဖုရားတွေနဲ့လည်းရန်မဖြစ်ချင်ဘူး

"အရှင် ကျွန်တော်အရင်အဆောင်မှာပဲနေချင်တာ အရှင့်အဆောင်မှာ နေရင်အရှင့်မိဖုရား တွေက ကျွန်တော့ကိုကြည်မှာမဟုတ်ဘူး"
ရှောင်းကျန့်စိတ်တို့ကိုအတတ်နိုင်ဆုံးလျှော့ကာ အကောင်းဆုံအကြောင်းပြချက်တွေနဲ့ တောင်းဆိုနေရတယ်
ဝမ်ဘုရင်အဆောင်ထဲမှာမနေရရေး ရှောင်းကျန့်အရေးပင်

သူ့အဆောင်မှာမနေချင်လို့တောင်းဆိုနေတဲ့ကလေးငယ်ကို စိတ်ချမ်းသာစေချင်ပေမယ့် ဒီကိစ္စကတော့မဖြစ်နိုင် ဒီတစ်ခါက​ေလးငယ်ထွက်ပြေးသွားမယ်ဆိုရင် သူရူးဖို့ပဲကျန်တယ် ဘယ်လိုမှစိတ်မချနိုင်တာမို့
ကလေးကို သူ့အဆောင်မှာပဲထားချင်တယ်
ပီးတော့ကလေး အထင်လွဲနေတာလည်းရှိသေး ကိုယ့်မိဖုရားတွေတဲ့ ကလေးငယ်ကိုဘယ်လောက်ထိချစ်ကြောင်းကိုယ့်ကိုယ်သာသိသည်မို့ နောက်မိဖုရားဘယ်လိုမှမတင်မြှောက်နိုင် အမတ်တွေတိုက်တွန်းတာတောင် ငြင်းဆန်ခဲ့တာ
ကလေးတစ်ယောက်သာကိုယ့်မိဖုရား

"အဲ့ကိစ္စကြောင့်ဆိုရင် ကလေးကိုယ့်အဆောင်မှာနေလို့ရတယ် ကိုယ့်မှာဘာမိဖုရားမှမရှိဘူး"

မျက်လုံးတစ်ဖက်ကိုပင့်ကာ ပြုံးစစနဲ့ပြောလာတဲ့ဝမ်ဘုရင်ကိုကြည့်ပီး
သေချာတယ် ဝမ်ဘုရင်ရူးနေပီ မငြင်းဆန်နိုင်တဲ့ အဆုံး ဝမ်ဘုရင်ရဲ့အဆောင်မှာပဲ နေလိုက်ရတော့တယ်

ညနေစာအတူသုံးဆောင်နေတဲ့အရှင်နဲ့ ကြင်ယာတော်လေး အယ်မေ့လို့ အရှင်က မိဖုရားအဆင့်တိုးမြှင့်ကြောင်းပြောထားတာကိုမေ့နေသည်ပဲ အဲ့တော့လည်း မိဖုရားလေးပေါ့
အရှင်နဲ့မိဖုရားလေးတို့ကိုကြ​ည့်ပီး အထိန်းတော်ရန် ခုမှပဲ ကိုယ့်ကိုယ်ကိုယ်ခွင့်လွှတ်နိုင်တော့တယ်
အခုဆို အရှင်က မိဖုရားလေးကိုပဲ ကြည့်ပီးပြုံးပျော်ကာစာ​းတောင်မစာနိုင်
ရှိသမျှဟင်းလျာတို့ကို မိဖုရားလေးရဲ့ ပန်းကန်ထဲကိုသာ ထည့်ပေးနေသည်မို့သူကိုယ်တိုင်တောင် စားဖို့မေ့နေတာလားပဲ
မိဖုရားလေးကတော့ အရှင့်ရဲ့ဂရုစိုက်မှုတွေကို သတိထားမိပုံမပေါ် စားစရားများပေါ်တွင်သာအာရုံရှိနေသည်မှာ ကလေးတယောက်သဖွယ် ပတ်ဝန်းကျင်ကိုမေ့လျော့နေပုံ

Chance🐰မထင်မှတ်ထားသောအခွင့်​​အရေး🐰S1 {Completed}Wo Geschichten leben. Entdecke jetzt