Part 35

8.8K 824 19
                                    

"အာ့ဆိုရှောင်းအရှင် ကိုယ်တော် ကြင်ယာတော်လေးကိုပြန်ခေါ်သွားလိုက်တော့မယ်"

ဝမ်ဘုရင်ပြန်မယ်ဆိုတော့မှအသက်ရှူပေါက်ရပါသော​ရှောင်းကျန့် ဒီတစ်ခါတော့ ဝမ်ဘုရင်ကိုကျေးဇူးတင်သွားပီ
သူဒီမှာဆက်မထိုင်ချင်တော့ဘူး
မျက်နှာပူလို့သေတော့မယ် လူကိုရှေ့မှာထားပီး ဘယ်လိုဂရုစိုက်ကြောင်းတွေပြောနေကြတာ တစ်ဆက်တည်း တွေးမိတာက ဝမ်ဘုရင်သူ့ကိုသဘောကျနေတာလားလို့လေ
မဟုတ်လောက်ပါဘူး ​အတွေးတွေကိုဖယ်ထုတ်လို့ ဝမ်ဘုရင်လက်ဆွဲခေါ်ရာနောက်ပဲလိုက်ရတယ်
မလိုက်လို့လဲမရဘူး လက်ကိုဆွဲထားတာလွှတ်မယ့်ပုံလည်းမပေါ်ဘူး

​ထင်ထားတာက အဆောင်​ကိုပြန်နေတယ်လို့လေ ခုက အရင်တစ်ခါက ဥယျာဥ်ကြီးမလား
အထိန်းတော်နဲ့ ကိုယ်ရံတော်တွေကိုဥယျာဥ်အပြင်မှာပဲနေခဲ့စေပီး သူ့တစ်ယောက်တည်းကိုပဲ ဥယျာဥ်ထဲခေါ်လာတယ်

ဝမ်ဘုရင်က သစ်သားတုံးအကြီးကြီးနဲ့လုပ်ထားတဲ့ထိုင်​ခုံပေါ်ထိုင်လိုက်တာကြောင့်
ရှောင်းကျန့်လည်း ဘေးကခုံကိုထိုင်မယ်လုပ်တော့မလွှတ်ရသေးတဲ့လက်ကိုဆောင့်ဆွဲလိုက်တာကြောင့် ဝမ်ဘုရင်ရဲ့ပေါင်ပေါ်ထိုင်မိသွားတယ်
ပြန်ထမယ်လုပ်တော့ ခါးကနေတင်းကြပ်စွာဖက်ထားကြောင့်ရုန်းလို့တောင်မရဘူး
ဝမ်ဘုရင်ရဲ့မျက်နှာမှာလဲ လူယုတ်မာအပြုံးကြီးနဲ့
အားးး ရှက်လိုက်တာနော် ခုချိန်မှာခေါင်းကြီးဖြုတ်ပီးသိမ်းထားလို့ရရင်ကောင်းမယ်

"ဒီနှုတ်ခမ်းလေးလား ရှောင်းဘုရင်ကိုနမ်းပီးမှအိပ်တာ မွ မွ"
နှုတ်ခမ်းကို ကပ်လိုက်ခွာလိုက်နဲ့ကလေးတွေကိုနမ်းသလိုနမ်းနေတဲ့ဝမ်ဘုရင်
ခုကဘာလဲရှောင်းကျန့်ဘာမှမသိတဲ့အရာအတွက်အပြစ်ခံနေရတာလား
ဒါမှမဟုတ် ဝမ်ဘုရင်ကြီး သဝန်တိုနေတာလား

"ဒီကလေးလေးက ရှောင်းဘုရင်ရဲ့ရင်ခွင်မှာမှအိပ်တတ်တာပေါ."
ကောကောပြောခဲ့တာတွေကိုတစ်ခုချင်းပြန်ပြောပြီး လည်ပင်းတွေ နားရွက်တွေ
ပုခုံးတွေကို ကိုက်လာတဲ့ဝမ်ဘုရင်
ခါးကဖက်ထားတဲ့လက်တွေက အရမ်းတင်းကြပ်လာပီး ဝမ်ဘုရင်နဲ့ရှောင်းကျန့်ရဲ့ ခန္ဓာကိုယ်နှစ်ခုကြားမှာ လေတိုးစရာနေရာတောင်မရှိ
ရှောင်းကျန့်နားမလည်တော့ဘူး ဝမ်ဘုရင်ကအတည်ကြီးသူ့ကို သဝန်တိုနေတာလား
ဝမ်ဘုရင်ကလေ သူ့ကိုသတ်ဖို့ထိကြိုးစားဖူးတဲ့ဝမ်ဘုရင်ကလေ

Chance🐰မထင်မှတ်ထားသောအခွင့်​​အရေး🐰S1 {Completed}Donde viven las historias. Descúbrelo ahora