"အရှင် ကြင်ယာရှောင်းကထပ်ပီးပြုစားနိုင်တာမို့ အရှင်ရဲ့ဆောင်ထဲမှာ
ဒီအမွှေးအိုးသုံးဖို့ အထိန်းတော်ရန်ကိုမှာထားပါတယ်အရှင်""ကျေးဇူးပါယွမ် ကိုယ့်ကိုအစစအရာရာဂရုစိုက်ပေးလို့"
"ဒီတောတွင်းယွမ်ကိုလျစ်လျူရှုမိခဲ့ရင်တောင်းပန်ပါတယ် ယွမ် နောက်အဲ့လိုလုပ်ရပ်မျိုးဖြစ်စေမှာမဟုတ်ဘူး"
ယွမ်ကိုပွေ့ဖက်နှစ်သိမ့်နေတုန်း
အသိပေးလာတဲ့အထိန်းတော်ရဲ့စကားကြောင့် အဆောင်တော်ကိုပြန်လာခဲ့ရတယ်"အရှင်အဆောင်တော်မှာ မယ့်တော်ကြွလာတာကြောင့် အမြန်ဆုံးပြန်ရပါမယ်အရှင်"
ထွက်သွားတဲ့အရှင့်ရဲ့ကျောပြင်ကြည့်ပြီးကျေနပ်နေသူကရှင်းယွမ်
.
.
."သားတော်ခုထိမိဖုရားအဆောင်မှာပဲလား""ဟုတ်ပါတယ်မယ်မယ် ယွမ်ကနေမကောင်းတာကြောင့်ပါ"
"ဘာပဲဖြစ်ဖြစ်သားတော်ရဲ့လုပ်ရပ်တွေကမှားယွင်းနေတယ်
သားတော်ကိုယ်တိုင်ပဲကြင်ယာတော်
တင်မြှောက်ပွဲကို တက်တက်ကြွကြွလုပ်ဆောင်ခဲ့တာလေ
ခုသားတော်လုပ်ရပ်ကြောင့် ကြင်ယာတော်လေးဘယ်လောက်အရှက်ရမလဲ""သူနဲ့ထိုက်တန်ပါတယ် မယ်မယ်"
"သားတော်!!!!"
"အချိန်တေလွန်မှနောင်တမရချင်ရင်
မင်းရဲ့လုပ်ရပ်တေကိုအမြန်ဆုံးပြင်ဆင်ပါသားတော်
ဝမ်မိဖုရားကို နန်းဆက်အတွက်မို့သာ ဘာမှမပြောတာ
ဝမ်မိဖုရားသတိထားပါသားတော်
မယ်မယ်ရဲ့စကားတွေကိုမပယ်ရှားချင်ပါနဲ့""သားတော်မှတ်သားထားပါ့မယ်
မယ်မယ်လည်းအဆောင်ပြန်ပီး အနားယူလိုက်ပါအုံး""ကြင်ယာတော်လေးကိုသွားပီးနှစ်သိမ့်ပေးလိုက်အုံး"
"စိတ်ချပါမယ်မယ် သားတော်ကသူ့ဆီသွားဖြစ်အောင်သွားမှာမို့"
ကြင်ယာတော်လေးရဲ့အဆောင်မှာလည်း
"သတိပေးထားတဲ့ကြားထဲကမထိသင့်တဲ့အရာကိုလာထိတာမို့
ဒါမင်းအတွက်ပထမဆုံးသင်ခန်းစာပဲ"
ESTÁS LEYENDO
Chance🐰မထင်မှတ်ထားသောအခွင့်အရေး🐰S1 {Completed}
Fanficအရမ်းလည်းကြိုက်ပီးအရမ်းလည်းအားမရဖြစ်ခဲ့တဲ့ ficထဲကဇာတ်ကောင်လေးရဲ့ကံကြမ္မာကိုငါကိုယ်တိုင်ပြင်ဆင်ခွင့်ရမယ်လို့တကယ်မထင်ထားဘူး