"Dreamy....လိုင်းမတက်တာ ၂ပတ်ရှိနေပြီ...၊ စာတွေကိုလည်း Reply မပြန်ပါလား.....၊ သေချာတယ်....Dreamy တစ်ခုခုဖြစ်နေပြီ....."
ရှင်မင်း လက်ထဲမှ Tough Screen လေးကို အပေါ်အောက်ဆွဲနေမိရင်း တစ်ယောက် တည်းညည်းနေမိသည်၊
"Joe...."
"ဟုတ်ကဲ့....King"
"ကျန်တဲ့ ကိစ္စတွေကြည့်စီစဉ်ထားလိုက်....ကိစ္စတစ်ခုကြောင့် စဉ်းစားစရာဖြစ်နေတယ်၊ လေညင်းခံ ဦးမယ်...."
"ဟုတ်ကဲ့...ဆက်လက်ဆောင်ရွက်ထားလိုက်ပါ့မယ်"
ရှင်မင်း...ကျန်ကိစ္စများကို Joe နှင့်လွှဲကာ ခမ်းမဆောင်ထဲမှ ထွက်လာခဲ့သည်..၊ လောလောမှာတော့ ရှင်မင်း သိချင်နေသည်က Dreamy...၊ အမှန်တကယ့်ကို စိတ်ပူနေပြီဖြစ်သည်၊ Dreamy အကြောင်းကိုသိနိုင်ရန် Mirror World မှ မြေနိုင်ငံကို ကြည့်ရုံပဲရှိတော့သည်၊ Dreamy နေထိုင်သည့်နိုင်ငံကို မြေနိုင်ငံဟုခေါ်ပြီး ရှင်မင်းနေထိုင်သည့်နိုင်ငံကို အချိန်နိုင်ငံ ဟုခေါ်သည်။
သက်ပိုင်ရှင်မင်း (King Timer)
အချိန်နိုင်ငံကို အုပ်စိုးသည့် ရှင်ဘုရင်မင်း၊ အသက်က ၁၄နှစ်၊ အားလုံးကတော့ King Timer ဟုခေါ်ကြသည်၊ တိကျသည်၊ ပြတ်သားသည်၊ ဆုံးဖြတ်ချက်ခိုင်မာသည်၊ ဥာဏ်ရည်ထက်မြတ်သည်၊ အမျှော်အမြင်ကြီးသည်၊ ပါးနပ်သည်၊ ရဲစွမ်းသတ္တိ၊ လက်ရုံးရည်၊ နှလုံးရည်လည်း ပြည့်စုံသည်၊ အရွယ်နှင့်မလိုက် အချိန်နိုင်ငံပေါင်းများစွာ ၁၂လရာသီနိုင်ငံများပါမကျန် အုပ်စိုးနေသည့် ဘုရင်မင်းတစ်ပါးဖြစ်သည်၊ နိုင်ငံပေါင်းများစွာကို အုပ်စိုးရသည့်မင်းတစ်ပါးအနေနှင့် တစ်နေ့တစ်နေ့ ဖြေရှင်းရသည့် ပြဿနာပေါင်းများစွာကြားမှ ထင်မှတ်မထားဘဲ စိတ်ထွက်ပေါက် တစ်ခုကိုရှာတွေ့ခဲ့သည်။ Onlineမှ အိမ်မက်သခင်,Dreamy ရေးသည့် စာတိုလေးတွေဖတ်မိရာမှ Dreamy အပေါ် စိတ်၀င်စားမှုရှိလာခဲ့သည်၊ တစ်ခါတစ်လေ Dreamy ၏ စာများဝေဖန်အကြံပေးဖြစ်သည်၊ တစ်ခါတစ်လေကြတော့လည်း ခေါင်းစဉ်တစ်ခု အပြိုင်အဆိုင်အငြင်းအခုံလုပ်ခဲ့ကြသည်။ နောက်ပိုင်း Dreamy အကြောင်းကို ပိုသိချင်လာခဲ့၍ Mirror World မှတစ်ဆင့် Dreamy ကိုကြည့်နေမိသည်၊ Mirror World ဆိုသည်မှာ နိုင်ငံတိုင်း၏အချိန်ကို သိနိုင်ရန် ဖန်တီးထားခြင်းဖြစ်သည်၊ CCTV တပ်ထားသလိုပင်..နိုင်ငံတိုင်းရဲ့ ပုံရိပ်များကို Mirror World တွင်ကြည့်နိုင်သည်၊ ရှင်မင်း Mirror ရှေ့ရောက်သည်နှင့် လက်ဖြောက်တစ်ချက်တီးလိုက်၍.....