Part 7 (Final)

100 2 0
                                    

( ဇာတ်သိမ်းပိုင်း )

(၄) နှစ်ခန့်ကြာပြီနောက်...... (2055 ခုနှစ်)

ခင်...နာရီကိုကြည့်လိုက်၍.....၊

"ဟာ...သွားပါပြီ....."

စာမူကို နေ့လည်၁၂နာရီတိတိ အရောက်ပို့မည်ဟု ကတိပေးထားပေမဲ့ ၁၂နာရီက အခုပဲထိုးပြီဖြစ်သည်။

"တင်းဒေါင်.....တင်းဒေါင်.....တင်းဒေါင်....."

ခင် ရောက်နေသည်က မြို့လည်က နာရီစင်ကြီးရှေ့တည့်တည့်ဖြစ်သည်၊ ၁၂နာရီ ထိုးသည့် အသံများဆူညံသွားသည်။ ဘာရယ်မဟုတ် ခင် နာရီစင်ကြီးကို မော့ကြည့်လိုက်မိသည်။

နာရီ လက်တံလေး ၂ခုက ထပ်နေသည်လေ...၊ ခင် မျက်ဝန်းမှ မျက်ရည်များ စီးကျလာပြန်သည်။ ဒါက ထူးဆန်းသည်မှ မဟုတ်...၊ ဒီိလိုဖြစ်နေသည်က ၄နှစ်လုံးလုံးရှိနေပြီဖြစ်သည်။ တစ်ရက်မှာ ၂ကြိမ် ခင့် မျက်ဝန်းမှ မျက်ရည်များ အလိုလိုကျနေခြင်းဖြစ်သည်၊ နောက် နာရီသံကြားလျှင် ၀မ်းနည်းသလိုလို တစ်ခုခုကို သတိရမိသလို ခံစားနေရသည်၊ ဘာလဲ ဆိုတာကိုတော့ ခင့်သေချာပြောမပြတတ်ပါ။ ခင့် ၃နှစ်လောက် ကိုမား ဖြစ်ပြီးနောက်ပိုင်း မှ အခုလို ထူးခြားမှုတွေ ဖြစ်နေခြင်းဖြစ်သည်။ ထို့ကြောင့်လည်း အခု ဘယ်ကိုမှ ဆက်မလျှောက်တော့ဘဲ နာရီစင်ကြီးရှေ့တည့်တည့်တွင် ရပ်၍.....၊

"ဒီခံစားချက်ကြီးက ဘာလဲဆိုတာ သိခွင့်ရှိရင် သိပါရစေ...၊ ခင့် မမှတ်မိတဲ့ အရာတစ်ခုခုများရှိနေလား ပြောပေးပါလားးးး၊ နောက်ပြီး ခင့်လက်မှာ ၄နှစ်လုံးလုံး ချွတ်မရဘဲ ရှိနေတဲ့ လက်စွပ်ပိုင်ရှင်က ဘယ်သူလဲ....."

ခင် ထိုခံစားချက်ကြီးကို တကယ်သိချင်၍ တိုးတိုးလေး ရေရွတ်လိုက်သည်။ နောက် သတိထားလိုက်မိသည်က ခင့်ဘေးပတ်ပတ်လည် အနီးတဝိုက်တွင် ရှိသော သက်ရှိသက်မဲ့ အရာ၀တ္ထုအားလုံး ငြိမ်သက်ရပ်တန့်နေသည်။

"ဟင်....ဘာဖြစ်သွားတာလဲ......"

ထိုအချိန်တွင် ခင် နှင့် ခပ်လှမ်းလှမ်းတွင် လှုပ်ရှားနေသည့် အရာတစ်ခု၊ နည်းနည်းလှမ်းနေ၍ ထင်ထင်ရှားရှားတော့ မမြင်ရ....၊ တဖြည်းဖြည်းနှင့် နီးကပ်လာသောအခါ...၊

The Bride Of King Timer (စ/ဆုံး)Where stories live. Discover now