ကြင်ယာတော် ရွေးပွဲနေ့.....
ကွင်းပြင်ကျယ်ကြီးတွင် King Timer ၏ ကြင်ယာရွေးပွဲကို စိတ်၀င်စားနေသည့် ဧည့်ပရိသတ်ပေါင်းများစွာ ရောက်ရှိနေကြပြီဖြစ်သည်။ ဆွေတော်မျိုးတော်များလည်း စုံညီစွာ ရောက်ရှိနေပြီဖြစ်သည်။
ခင်လည်း အရမ်းကို စိတ်လှုပ်ရှားရင်ခုန်နေသည်။ မနေ့က ရှင်မင်း စကားကြောင့် လုံးဝတော့ ကြောက်စိတ်က မရှိတော့....၊ ခင် စင်ပေါ်တက်ခါနီး၍ ရှင်မင်း မျက်နှာကိုတစ်ချက်လှမ်း ကြည့်မိသည်၊ ခင် သတိထားမိသည် ရှင်မင်း မနေ့ကလို မဟုတ်၊ ပြုံးနေပေမဲ့ အပြုံးက အသက်မပါ...။ ခင် မသိမသာ ရှင်မင်း လက်ကို လှမ်းကိုင်လိုက်ကာ အနားနားအနည်းငယ်ကပ်၍....
"ရှင်မင်း နေမကောင်းဘူးလား....၊ မျက်နှာလည်း မလန်းဘူး...."
"ကျွန်တော် ဘာမှမဖြစ်ပါဘူး...၊ နေကောင်းပါတယ်၊ ညကတော့အလုပ်ကြောင့် အိပ်ရေးနည်းနည်းပျက်လို့...."
ရှင်မင်း၏ အဖြေကို ခင် စိတ်တိုင်းမကျ....၊
"တစ်ခုခုတော့ဖြစ်နေတယ်...ခင်သိနေတယ်နော်...ပြောဘာတွေဖြစ်နေတာလဲ...."
ခင် ရှင်မင်းကိုမေးနေချိန်တွင်....
"သမီးတော် အဆင်သင့်ဖြစ်ရင် စင်ပေါ်တက်လို့ရပါပြီ....."
စင်ပေါ်မှ အဘွားတော်၏ အမိန့်သံကြောင့် ထိုင်နေရာမှ ထရပ်လိုက်သည်၊
"အခုမပြောချင်သေးရင်လည်းရတယ်....ခဏနေမှ ဆက်မေးတော့မယ်...၊ ခဏနေတော့ အမှန်အတိုင်းပြောပြရမယ်နော်...."
ခင်ပြောနေသည်ကို ရှင်မင်းကဘာမှ မတုန့်ပြန်ငြိမ်သက်နေသည်။ ခင်လည်း ရှင်မင်းရှေ့မှ လှည့်ထွက်လိုက်ချိန်တွင်....၊ ရှင်မင်းက ခင်လက်တစ်ဖက်ကို လှမ်းဆွဲလိုက်ကာ၊ နောက် ခင့် နဖူးလေးကို ခပ်ဖွဖွလှမ်း နမ်းလိုက်၍....၊
"ကျွန်တော် ဘာမှ မဖြစ်ပါဘူး...၊ စိတ်မပူပါနဲ့...၊ အိပ်ရေးပျက်လို့ပါ..၊ Dreamy ကျွန်တော့ အတွက်သာ လက်စွပ်ကို ရအောင် ယူခဲ့ပေးပါ....."
"Okay...ရအောင် ယူခဲ့မယ်...၊ လက်စွက်ပိုင်ရှင်က ခင်ပဲဖြစ်မှာပါ...."