(၁) လခန့်ကြာပြီနောက်......
ခင် မနက်အိပ်ယာနိုးတော့ ထုံးစံအတိုင်း မျက်နှာသစ် အ၀တ်လှဲ၍ ထမင်းစားရန် ထမင်းစားဆောင်သို့ လာလိုက်သည်၊ ထူးဆန်းသည်က ခင့် အနားမှာအမြဲရှိနေတတ်သည့် ကောင်မလေးတွေလည်း တစ်ယောက်မှ မတွေ့၊ အခုလို လွှတ်လွှတ်လပ်လပ်မနေရသည်မှာ ကြာပြီဖြစ်သည်၊ King လေးနှင့် မတွေ့ရသည်မှာလည်း တစ်လလောက်ရှိပြီဖြစ်သည်၊ အလုပ်ရှုပ်နေသည်ဟုတော့ ကြားသည်၊ ကြာတော့ ခင်လည်း ဘာမှ လုပ်စရာမရှိသည့် ဘဝကြီးမှာ ငြီးငွေ့လာသည်၊ ထမင်းစားရန် ထမင်းစားဆောင်ကို လာခဲ့ပေမဲ့ ဘယ်သူမှ မရှိ...၊ တိတ်ဆိတ်နေသည်၊ ဒီနေ့ကျမှ မေရီ၊ မာရီ၊ ချယ်ရီ တို့ ၃ယောက်ကလည်းဘယ်ပျောက်နေသည် မသိ၊ အရင်နေ့တွေဆိုလျှင် သူတို့ ၃ယောက်နှင့် ခေါင်းတွေမူးနားတွေငြီးနေရသည်၊ ထိုအချိန်တွင် မေရီ ထမင်းစားဆောင်ထဲ ကမန်းကတမ်းပြေး၀င်လာသည်ကို တွေ့လိုက်ရသည်၊
"မင်းသမီးလေး....မင်းသမီးလေးက ဒီရောက်နေတာကိုး...ရှာလိုက်ရတာ...."
"အင်း....မနက်အိပ်ယာထကတည်းက ဘယ်သူမှ မတွေ့လို့...အံ့သြနေတာ...."
"ဟုတ်တယ်..မင်းသမီးလေး အရေးကြီးနေတယ်...၊ King ဒီမနက် ညီလာခံမှာ တိုက်ခိုက်ခံရတယ်...၊ ဒဏ်ရာရထားတယ်..."
မေရီ့စကားကြောင့် ခင် နေရာမှ ဝုန်းခနဲ ထရပ်မိသွားသည်၊
"ဒဏ်ရာ....ဟုတ်လား မေရီ စိုးရိမ်ရလားးးး"
"ဟုတ်ကဲ့ မင်းသမီး အခုထိတော့ သတိမရသေးဘူး...၊ အဲ့ဒါကြောင့် ဒီဘက်တစ်ဆောင်လုံးက King အဆောင်ကို ရောက်နေကြတာ...၊ နောက်ပြီး ဆုတောင်းပွဲတွေလည်း လုပ်ဖို့ ပြင်ဆင်နေကြတာ..၊ Joe ကလည်း လုပ်ကြံသူကို ဖမ်းဆီးဖို့ အလုပ်ရှုပ်နေတယ်...၊ King အနားမှာ မင်းသမီးလေး ရှိမှဖြစ်မယ်..."
"အင်း...အင်း.....သွားရအောင်လေ....."
ခင်လည်း စိတ်ပူ၍ ကမန်းကတမ်းထလိုက်သွားမိသည်၊ ဗိုက်ဆာနေသည်တောင် မေ့သွားခဲ့သည်၊
"King လေး ဘာမှ မဖြစ်ပါစေနဲ့....."
ခင် ဆုတောင်းနေရင်း ခြေလှမ်းတွေကတော့ အပြေးတစ်ပိုင်းဖြစ်နေသည်၊ King လေးအဆောင်ကိုရောက်တော့ ကုတင်ပေါ်တွင် မေ့မျောနေသည့် Kingလေးကို တွေ့လိုက်ရသည်၊ နောက်ကျောဘက်ကို ဓားဒဏ်ရာထိထား၍ ကုတင်ပေါ်တွင် မောက်လျက်ဖြစ်သည်၊ အပေါ်ပိုင်း အ၀တ်ဗလာနှင့် ပတ်တီးအဖွေးသား စည်းထားသည်ကိုတွေ့ရသည်၊ ခင်ရောက်သွားတော့ သမားတော်က...