Part 3

49 1 0
                                    

"ဒေါက်....ဒေါက်......"

"King မင်းသမီးကို ခေါ်လာပါပြီ....."

ခင်..ဒူးတွေတုန်လာသည်၊ တစ်ခါမှ မကြုံဖူးပါ...၊ တကယ်ပဲ ရှေးခေတ်ဘုရင်လက်ထပ်ကို ရောက်သွားသလိုခံစားလိုက်ရသည်၊ ကြီးမားလှသည့် တံခါး၂ချပ်ပွင့်လာပြီး ခင်ကို အထဲ၀င်ခွင့်ပြုလိုက်သည်၊ ခင်နှင့်အတူပါလာသည့် အစောင့်များကတော့ တံခါးကို ပြန်ပိတ်၍ ထွက်သွားကြသည်၊ ခမ်းမကြီးတွင် ကြီးမားသည့် စားပွဲကြီးနောက် ကျောပေးထားသည့် ထိုင်ခုံ၊ ပုလ္လင်ဆိုလျှင် ပိုမှန်မည်၊ တစ်ယောက်ယောက်ထိုင်နေသည်။ သေချာသည် King Timer ဖြစ်မည်၊ စားပွဲဘေးတွင် အရပ်ရှည်ရှည်အသားဖြူဖြူ၊ အနက်ရောင် suit အပြည့်အစုံနှင့် ရပ်နေသည့် လူတစ်ယောက်ရယ်၊ တစ်ခန်းလုံးတွင် ခင်နှင့်ဆိုလျှင် ၃ယောက်...၊

"King...မင်းသမီး ရောက်ပါပြီ...."

"မင်းသမီး....ကျွန်တော်က King ရဲ့ ညာလက်ရုံး.....Joe ပါ"

"ဟုတ်ကဲ့....အိမ်မက်သခင်ပါ.."

"မင်းသမီးကို သိပြီးသားပါ..."

သူမိတ်ဆက်၍ ပြန်မိတ်ဆက်သည်ကို သိပြီးသားပါ ဟုခပ်မာမာတုန့်ပြန်ခံရသည်...၊ နောက်ပြီး ခင်တွေးနေရင်း ရုပ်ရှင်ထဲတွင် ကြည့်ဖူးသော ရှေးခေတ် နန်းတွင်းကားများကို သတိရမိသည်၊ ဘုရင်က သေဆိုလျှင်သေ၊ ရှင်ဆိုရှင်ခေတ်.... တွေးရင်းကြက်သီးထလာသည်၊ နောက်မှီ ကုလားထိုင်ကြီးက ကြောပေးထား၍ ခုံပေါ်တွင်ထိုင်နေသည့် ဘုရင်ဆိုသူကို မတွေ့ရသေး...၊ ဇာတ်လမ်းတွေထဲကလိုပဲ လှည့်လာလျှင် ဒူးထောက်ပဲ ခံစားရမလားမသိ..၊ ခင်အတွေးလွန်တုန်းမှာပင် ခုံကလှုပ်လာ၍ ခင်နှင့် မျက်နှာချင်းဆိုင် တည့်တည့်ကို လှည့်လာသည်၊ ခင် ခေါင်းကို ငုံထားလိုက်သည်၊ နောက်ဖြည်းဖြည်းချင်းမော့ကြည့်လိုက်တော့.... ရွှေအိုရောင်ဆံပင်လေးနှင့်၊ အသားအရည်ကလည်း ဖြူ၀င်းပြီး နုဖတ်နေသည်၊ အဝတ်အစား၊ ဆံပင်ပုံစံတွေကတော့ အနောက်တိုင်းဆန်သည်၊ ပို၍ အတိအကျ ပြောရလျှင် Anime တွေထဲက Prince တွေ၀တ်သည့်ပုံစံလေး..၊ နက်ပြာရောင်အကျီလေးနှင့်ဘောင်းဘီဖြူ၊ ဖိနပ်ကလည်းအရှည် ရွှေအိုရောင် ဆံပင်လေးတွေကလည်း နဖူးပေါ်ဝဲကျလျက်....လုံး၀ကို ကြည့်လိုကောင်းနေသည်၊ ဒါပေမဲ့....ထူးဆန်းသည်ကို ခင် နောက်မှ သတိထားမိလိုက်သည်၊ ဘုရင်က ငယ်ငယ်လေး....၊ ကလေးပဲရှိသေးသည်ကို သတိထားလိုက်မိသည်၊ ခင်ထက် အသက် တော်တော်ငယ်မည်၊ ဒါပေမဲ့လည်း ချစ်စရာလေးးးး....၊ ခင့်ကိုယ်တိုင်ကလည်း ကလေးတွေကို စာသင် Guide ပြလာ၍ ရုတ်တရက် ဘုရင်ဆိုသည်ကို မေ့သွားသည်။ ခင် ရုပ်တည်လိုက်၍ ကိုယ့်ရဲ့ ကျောင်းသားတစ်ယောက်ကို စကားပြောသည့်ဟန်ဖြင့်....၊

The Bride Of King Timer (စ/ဆုံး)Where stories live. Discover now