Part 5

37 1 0
                                    

ခင် အခုရောက်နေသည်က ဆွေတော်မျိုးတော် တွေ့ဆုံပွဲဖြစ်သည်။ ခင်နှင့် Kingလေး၏ အကြောင်းကို သိသွားကြ၍ ဆွေမျိုးတွေ့ဆုံပွဲ ကျင်းပခြင်းဖြစ်သည်။ စိတ်လှုပ်ရှားသည့်ကတော့အမှန်ပင်ဖြစ်သည်။ ထိုအချိန်တွင်.....

"အဘွားတော် ကြွလာပါပြီ....."

ခမ်းမ ရှေ့မှ အသံကြောင့် အားလုံး မတ်တတ်ထရပ်လိုက်ကြသည်။

"အချိန်နိုင်ငံကလည်း ကိုရီးယားနန်းတွင်းကားတွေလိုပါပဲလား....."

ခင် တိုးတိုးလေး ရေရွတ်၍ ပြုံးလိုက်မိသည်၊ စိတ်လှုပ်ရှားနေသည်ကို သက်သာယာရအောင် လုပ်နေခြင်းဖြစ်သည်။ စိတ်လှုပ်ရှားနေသည်ထက် ကြောက်နေသည်ဆိုလျှင် ပိုမှန်မည်။ အမှန်အတိုင်းပြောရလျှင် ခင်တို့က ညာထားသည်လေ။ ခင်က အိမ်မက်နိုင်ငံက မင်းသမီးလည်းမဟုတ်...၊ ခင့်မှာ ဘာအစွမ်းသတ္တိမှလည်း ရှိတာမဟုတ်၊ ဒီအကြောင်းတွေကိုလည်း သိပြီးနေကြပြီလားမသိ..၊ ခင်ကြောက်နေသည်ကို King လေးက သတိထားမိပုံရသည်။ ခင့် ကိုတစ်ချက်ပြုံးပြ၍ စိတ်အေးအေးထားဆိုသည့် အဓိပ္ပါယ်ခေါင်းညိတ်ပြသည်။ ခင်လည်း ပြန်၍ ခေါင်းညိတ်ပြမိသည်။

အဘွားတော်၊ ဦးရီတော်၊ ဆွေတော်မျိုးတော်တွေအားလုံးရောက်လာကြ၍ စားပွဲကြီးတွင် နေရာယူလိုက်ကြသည်။

"အဘွားတော် နေကောင်းပါရဲ့လား....."

King လေး၏ ခမည်းတော်၊ မယ်တော် မရှိတော့သည့် နောက်ပိုင်း အဘွားတော်က ပြုစု ပျိုးထောင်ခဲ့သည်ဟု သိထားသည်။ တစ်မျိုးလုံးက အဘွားတော်ကို ကြောက်ရသည်ဟု လည်းသိထားရသည်။

"ကောင်းပါ့မြေးတော်....မြေးရဲ့ ဒဏ်ရာအခြေအနေကော သက်သာရဲ့လား၊ ကြားကြားချင်းက ချက်ချင်း မလာနိုင်တာ အဘွားတော်ကို နားလည်ပေးကွယ်...."

"ဟုတ်ကဲ့ နားလည်ပါတယ် အဘွားတော်....."

"မြေးတော်ကို တိုက်ခိုက်သူတွေက ဘယ်သူလဲ...."

"ဟုတ်ကဲ့ အဘွားတော်... Joe အားလုံးဖြေရှင်းပြီးပါပြီ၊ နယ်မြေတော်တော်များကို အချိန်စောပြီး မုန်းတိုင်းခက် ဖျက်စီးပုန်ကန်နေတဲ့ မုန်တိုင်းမင်းပါ၊ အားလုံးကို အပြစ်ပေးအကျဉ်းချထားပါတယ်....."

The Bride Of King Timer (စ/ဆုံး)Where stories live. Discover now