Episode 16

2.5K 326 72
                                    

Zawgyi

Companyတွင်ဒီတစ်လအတွက်ဝင်ငွေထွက်ငွေများကို နောက်ဆုံးအနေနှင့်စစ်ဆေးနေသော်လည်း Taehyungစိတ်ထဲသို့ခနခန‌ရောက်လာကာ အာရုံလာလွဲ‌နေသည်က Jungkookieကိစ္စပင်။ ညကလည်းမိုးချုပ်မှအိမ်ပြန်ရောက်တာမို့ Jungkookကိုမတွေ့လိုက်ရသလို မိုးလင်းတာနဲ့အစောကြီးထွက်သွားတဲ့jungkook‌ကြောင့် တွေ့နိုင်မယ့်အချိန်ကိုအခုထိမရောက်နိုင်သေးပေ..။

ဒီကောင်လေးတမင်ရှောင်နေတာများလား...။

လက်ထဲကဘောပင်ကိုဘေးချကာ မျက်မှန်အပါးလေးကိုလည်းချွတ်လိုက်ရင်း ဘေးနားမှာချထားတဲ့ဖုန်းလေးကိုကောက်ကိုင်လိုက်ကာ အမေ့ဆီကိုဖုန်းဆက်လိုက်သည်။ Jungkookအိမ်ပြန်ရောက်မယ့်အချိန်ကိုသိချင်လို့ဖုန်းဆက်လိုက်ပေမဲ့ တစ်ကယ်တမ်းသိလိုက်ရတာဟာ သူကတစ်ခြားအိမ်မှာခွဲနေမှာတဲ့လေ။ အရွယ်ရောက်တာနဲ့ ဒီမိသားစုကိုခြေစုံကန်ချင်နေပြီလား ကုကီးရယ်။

အမှန်ဆို ပြီးခဲ့တဲ့ကာလတွေမှာလည်း အမေ့ဆီကိုပဲဖုန်းဆက်လေးရှိတဲ့ကုကီး‌ကြောင့် ကျွန်တော်ကကုကီးရဲ့ဖုန်းနံပါတ်တောင်မသိလိုက်ရတာပါ။ အခုလိုကျတော့လည်း သူတစ်ကယ်စိမ်းကားသွားတာပဲ။ ရုံးဆင်းမှပဲ jiaeဆီကနေမေးကြည့်တော့မည်ဟုတွေးကာ သူစိတ်လျှော့လိုက်ရသည်။

ထိုစဉ် သူ့အတွေးထဲဖြတ်ကနဲဝင်လာသည်က...
သန်ဘက်ခါ ကုကီးရဲ့မွေးနေ့ပဲ...။

🔸🦋🔸

" ဒါဆို သန်ဘက်ခါညနေပိုင်း အပေါ်ထပ်တစ်ထပ်လုံးကိုဘိုကင်စာရင်းထဲအတည်ပြုလိုက်ပါပြီဗျ။"

Jungkookတစ်ယောက် သူ့မွေးနေ့အတွက်သူကိုယ်တိုင်ဘားမှာဘိုကင်လာယူနေခြင်းပင်။ Noonaတစ်‌ယောက်တည်းကိုဖိတ်မယ့်ပွဲမို့ ပိုလိုပင်‌သေ‌သေချာချာပြင်ဆင်နေမိသည်။

သူ့ဆီမှတပါး လွင့်ပြန်နေတဲ့noonaရဲ့ခံစားချက်‌တွေကို အဲ့ဒီနေ့လေးမှာတော့ သူအရပြန်ယူချင်မိသည်။ အမှတ်တရနေ့မို့ အမှတ်တရတွေအဖြစ်ထပ်ဖန်တီးခွင့်ပြုပါ noona..။

ဝန်ထမ်းထံ သူလိုချင်တဲ့ပုံစံတွေအကုန်မှာပြီးတာနဲ့ ထိုဘားမြှပန်ထွက်လာခဲ့လိုက်သည်။ Jungkookထွက်သွားတာနဲ့အတူ ထိုဝန်ထမ်းနားသို့ လျှောက်လာတဲ့ yoongi..။ ဝန်ထမ်းရဲ့လက်ထဲက စာရင်းစာရွက်ကိုယူကြည့်လိုက်ပြီး မဲ့ပြုံးတစ်ခုကိုလည်းကျကျနနပုံဖော်လိုက်သည်။

Beyond The Tragic Ending [Completed]Where stories live. Discover now