Mu Qing and His Cursed Luck [Part-1]

7.8K 292 88
                                    

(Unicode)

မုချင်၏ ဘဝတွင် ဖြစ်ခဲ့‌ေသာ ကံဆိုးခြင်းများသည် ဖုန်းရှင့် ဒါမဟုတ် ရှဲလျန်တို့ကြောင့်သာ။ သူကိုယ်တိုင်ကြောင့် ကံဆိုးတာမျိုးလည်းရှိခဲ့ဖူးပါသည်လေ။

(မုချင်ကတော့ ယနေ့ချက်ချင်း ဝန်ခံလိမ့်မဟုတ်ပေမဲ့လို့ တကယ်တမ်း သူ့ဘဝတွင်း ဝင်ရောက်လာသော ကံကောင်းခြင်းများသည်လည်း ဖုန်းရှင့်နှင်ရှဲလျန့်တို့ကြောင့်ပင်ဖြစ်သည်။)

ယခုအချိန်တွင်မူကား အလိုဆန္ဒမပါဘဲ လူ့လောကတစ်ခွင်တွင် ဖုန်းရှင့်နှင့်အတူ လက်ချင်းသွယ်ယှက်ကာ အတင်းပေးစားခံရပြီး စိတ်ဝိညာဉ်ဆက်သွယ်ရေးစက်ကွင်းထဲ ဝင်တိုင်း အမြဲကြားနေရသော, နှစ်ဦးလုံးအား အတူတွဲမြင်ခဲ့ရသည့် နတ်ဘုရားများ၏ တက်ကြွစွာ တီးတိုးပြောဆိုနေမှုများသည် မုချင်ဘဝတွင် အသစ်ပြန်ပေါ်ထွက်လာသော ကံဆိုးမိုးမှောင်ကျမှုပင်တည်း။

မုချင်နှင့် ဖုန်းရှင့်တို့ (လူအများကြီးထဲမှာမှ ဖုန်းရှင့်နဲ့လေ!!! သူရဲ့ ပြိုင်ဘက်ဟောင်းနဲ့မှလေ!! အမြဲတမ်း ထသတ်နေရတဲ့ သူနဲ့မှလေ!!!) မည်ကဲ့သို့ စတင်၍ ဟန်ဆောင်တွဲခဲ့သည်လည်း ဆိုသည့်အကြောင်းကတော့ ဤသို့နှယ်စတင်ခဲ့ေပသည်။

_____

i.

တစ္ဆေမြို့တော်တွင် သွားရောက်စုံစမ်းရမည့် လျှိုဝှက်တာဝန်ကြောင့်ဖြစ်ခဲ့သည်။ ထိုတာဝန်ကို လင်းဝမ်မှ မုချင်နှင့် ဖုန်းရှင့်တို့အား လွှဲအပ်ပေးခဲ့ခြင်းဖြစ်၏။ ရှဲ့လျန်နှင့် သူငယ်ချင်းများဖြစ်သည်ဟူသည့် အချက်က တစ္ဆေမြို့တော်တွင် နှစ်ယောက်သား တာဝန်ထမ်းဆောင်ရင်း ဘရုတ်သုတ်ခဖြစ်ကုန်လျှင်တောင်မှ ‌ဟွားချန်က ကျေအေးပေးမည်ဟူသော အာမခံချက်ကိုပင် အရယူပြီးသားဖြစ်လေ၏။ (တကယ်တော့ ရှဲ့လျန်က တောင်းဆိုပေးထားတာပါ)

ဝင်ခွင့် မတင်းကြပ်သော တစ္ဆေမြို့တော်ရှိ အဆောက်အဦးတစ်ခုတွင် လူ့ကံကြမ္မာများကို မှောင်ခိုအရောင်းအဝယ်လုပ်နေသည်ဟူသော သတင်းများရထားသည်။

သို့သော် ထိုသတင်းရထားသောနေရာသို့ရောက်သွားသည့်အခါတွင်တော့ တံခါးစောင့်များက သူတို့ကို မျက်မှောင်ကြုပ်၍ ကြည့်ကြ၏။

Mu Qing and His Cursed Luck [Myanmar Translation]Where stories live. Discover now