Mu Qing and His Cursed Luck [Part-4]

1.2K 185 43
                                    

[Unicode]

iv.

အမတကောင်းကင်ဘုံ မြို့တော်၏ အစွန်ကျကျ နေရာတွင်ရှိသည့် လေ့ကျင့်ရေးကွင်းထဲတွင် မုချင်နှင့် ဖုန်းရှင့်သည် တိုက်ခိုက်ရေးလေ့ကျင့်လျက်ရှိ၏။ ထိုနေရာသည် သူတို့၏ နန်းဆောင်များနှင့်လည်း နီးပေ၏။

နှစ်ပေါင်းများစွာ သေမျိုးလူသားများအနေနှင့်ရော၊ အမတနတ်ဘုရားများအနေနှင့်ပါ သူတို့သည် အမြဲတမ်း အတူတူ လေ့ကျင့်ခဲ့ကြသည်။ အချင်းချင်း၏ ခွန်အားများ၊ အားနည်းချက်များကို သိရှိပြီးနှင့်သားပေ။ အပြန်အလှန်တိုက်ခိုက်လေ့ကျင့်ခြင်းသည် ချက်ချင်းတုံ့ပြန်နိုင်ရည်ကို မြင့်စေပြီး တိုက်ရည်ခိုက်ရည်၊အရည်အချင်းများကိုလည်း တိုးတက်စေ၏။

ထို့ကြောင့် ယခု....သူငယ်ချင်းများအနေဖြင့်၊ (ဤနေရာတွင် မုချင်စကားမထစ်အောင် ကြိုးစားထားသည်) တစ်နည်း 'ချစ်သူ'များ အနေဖြင့်တောင်မှ သူတို့သည် အတူတကွ လေ့ကျင့်ဆဲပင်။ နှစ်ဦးလုံးအတွက်တော့ အသစ်အဆန်းမဟုတ်ပေ။

[T/N: "မုချင်စကားမထစ်အောင်ကြိုးစားထားသည်"ကဘာကိုဆိုလိုတာလဲဆိုတော့ Ch 235 မှာ မုချင်က "သူ-သူ-သူ-သူငယ်ချင်း"လို့ စကားထစ်ထားလို့ပါနော် XD ]

(ဘာလိုပဲဖြစ်ဖြစ် အတူတကွလေ့ကျင့်ခြင်းက သူတို့သတင်းကို ပို၍ ပျံ့နှံ့စေသည်။ နောက်လိုက်နတ်အရာရှိလေးများကပင် ဤသည်ကို 'နေ့စဉ်ချိန်းတွေ့ခြင်း' ဟုခေါ်ကြ၏။ ထို့ပြင် အခြားနတ်ဘုရားများကလည်း အချင်းချင်းချစ်လို့မဝဖြစ်နေကြ‌ေကြာင်း စနောက်ကြ၏။)

မုချင်၏ လက်သီးတစ်ချက် မေးရိုးသို့ တည့်တည့်ထိသည့်အခါတော့ ဖုန်းရှင့်က မာန်ဖီသည့်ပမာ အသံပြုလိုက်သည်။ ထိုအသံကို မုချင်မုန်း၏။ ထိုအသံသည် သူ့ခြေချောင်းလေးများကို ကွေးညွတ်သွားအောင် စွမ်းနိုင်၏။ အနှီညက တည်းခိုခန်းတွင် သူတို့၏ သဘောထားကွဲလွဲမှုများကို ဖြေရှင်းပြီး၊ ရန်ငြိုးဟောင်းများကို ကျေအေးပြီးနောက်၊ ရှဲ့လျန်ကပါ သူ ဖုန်းရှင့်အပေါ်တစ်ဖက်သတ် သဘောကျခဲ့ရကြောင်း ထုတ်ဖော်ပြောပြီးနောက်မှစ၍ မုချင်သည် ဖုန်းရှင့်နှင့် နီးကပ်သွားတိုင်း တစ်ခုခုကိုတော့ ခံစားမိနေ၏။

Mu Qing and His Cursed Luck [Myanmar Translation]Onde histórias criam vida. Descubra agora