[Unicode]
+ i
အနှီအမှုစစ်တာဝန်ပြီးနောက်၊ မလိုလားမိပါဘဲ သူ၏ ခံစားချက်များကို ဝန်ခံပြီးနောက်တွင်မူ မုချင်သည် ဖုန်းရှင့်ကို ဘာကြီးပဲဖြစ်ဖြစ်ေနေန၊ မရမကအသည်းအသန်ရှောင်နေတော့သည်။
ယခု ဖုန်းရှင့်နှင့် စကားမပြောခြင်းသည် ဟိုးအရင်နှစ်တွေက၊ ဖုန်းရှင့် နတ်ပြည်စံမြန်းခွင်ရခါစအချိန်တုန်းက သကဲ့သို့ပင်။ သူသည် ခါးသီးနာကြည်းခြင်းနှင့် အပြစ်ရှိသလို ခံစားရခြင်းတို့ကြောင့် ဖုန်းရှင့်ကို မသိကျိုးကျွန်ပြုခဲ့သည်။ ခြားနားမှုသည်ကား ထိုနှစ်တွေတုန်းက ဖုန်းရှင်အပေါ် ခံစားရသမျှဟာ ဒေါသထွက်ခြင်း၊ မုန်းတီးခြင်းများသာ။ "သဘောကျခဲ့ဖူးသည်" လေးကတော့ "မကျေမချမ်းနိုင်သည့် အတိတ်နှင့် သူတို့၏ အရှင့်သားအား ဆုံးရှုံးခဲ့ရခြင်း" ၏ အောက်တွင် ချောင်ထိုး၊ မြေမြုပ်ခံထားခဲ့ရ၏။
အခုတော့ရော? သူသည် ပေလိပ်၊ အစီရင်ခံ စာလိပ်များထဲ သူ့ကိုယ်သူ မြုပ်ထားသော်ေတာင်မှ၊ အမှုစစ်တာဝန် တစ်ခုပြီး တစ်ခု လက်ခံပြီး သူ၏ အမတခန္ဓာကိုယ်ကို အလွန်အကျွံ အလုပ်လုပ်ခိုင်းနေတာတောင်မှ၊ သူ၏ 'ရည်းစားကောင်လေး' အကြောင်းမေးလာသော နတ်ဘုရားများအား ရှောင်ကွင်းနေတာတောင်မှ သစ္စာဖောက်နှလုံးသားသည် သူ၏ကာလရှည်ပြိုင်ဘက်ကို ချစ်ခဲ့မိကြောင်း၊ စိတ်ပျက်စရာကောင်းလောက်အောင် ချစ်ခဲ့မိကြောင်း အမှတ်ရရင်း နာကျင်ပါ၏။
မုချင်၏ နှလုံးသားသည် အမြဲတမ်း မိုက်မဲကာ အသုံးမကျပေ။
ဖုန်းရှင့်ကမူ သူနှင့် စကားပြောရန် အဆက်မပြတ်ကြိုးစားနေ၏။ သူ၏ နန်းဆောင်ကိုလည်း စီးနင်းဝင်ရောက်ကာ ဒေါပုံထလိုက်(သူကတော့ အိပ်ဆောင်ထဲတွင် ပုန်းနေပြီး ထိုလေးသမားအား သူရှိသည့်နေရာကို မပြောရန် နတ်အရာရှိလေးများကို သေချာမှာထား၏)၊ နှစ်ကိုယ်ကြားသီးသန့် စိတ်ဝိညာဉ်ဆက်သွယ်ရေးကွင်းထဲသို့ ဝင်အော်လိုက်ပင်။
ဖုန်းရှင့်သည် အစပိုင်းတွင်မူ ဆဲဆို၏။
"ချီးတဲ့မှ မင်းက ဒီတစ်ခါ ဘာဖြစ်ရပြန်တာတုန်း ?! ဟမ်?! ခွေးကောင်?!"
STAI LEGGENDO
Mu Qing and His Cursed Luck [Myanmar Translation]
Fanfictionဖုန်းရှင့်နှင့် မုချင်ကို မြတ်နိုးမိ၍ ဘာသာပြန်ခြင်း [!! spoiler alert!!] Original Author : heartbeatangel (on ao3) (I've got the permission to translate from the original author) Crd of the usages goes to @camellia_b Art crd to STARember