အခန်း (၃)

239 12 4
                                    

   "Izumi ငါတောင်းပန်ပါတယ် Yamada ကို နင်အမှန်အတိုင်းပြောပြပေးပါ။ အဲ့နေ့က နင်နဲ့ငါ အတူရှိနေခဲ့တာလေ"

           "Ayaka နင်သိလား ငါကနင့်ကို တစ်ချိန်လုံး ကိုကို့အနားက ထွက်သွားစေချင်ခဲ့တာ။ နင်ငါ့ဆီကနေ ကိုကို့,ကို လုယူသွားပြီးကတည်းက ကိုကိုကငါ့ကို အရင်လိုမချစ်တော့ဘူး။ နင့်ကြောင့်ပဲ Ayaka"

            "မဟုတ်ဘူး Izumi, နင်မှားနေပြီ။ ငါနင့်ဆီက သူ့ကိုလူယုတာမဟုတ်ရပါဘူး။ နင်တို့အတွက် မိသားစုဝင်နောက်တစ်ယောက် ထပ်တိုးလာတာပါ။ ငါနင့်ကို ငါ့ရဲ့ညီမလေးအရင်းတစ်ယောက်လို ချစ်ပါတယ်"

            "ရယ်စရာလာပြောမနေနဲ့ နင့်ကိုငါ့မိသားစုဝင်အဖြစ် ဘယ်တော့မှလက်ခံမှာမဟုတ်ဘူး နင်ကိုကို့ဘေးနားကထွက်သွား"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Izumi တစ်ယောက်အတိတ်ကအကြောင်းတွေ ပြန်မြင်ယောင်နေတုန်း -


                 "အမေ?"
                 "အော် အင်း Reiji လေး"
                 "တစ်ခုခုဖြစ်လို့လား? သားတူအသစ်ယူပေးမယ်"
                 "ဘာမှမဖြစ်ပါဘူး မုန့်လာစားလေ"
                 "Wow green tea mochi ပဲ မစားရတာတောင်ကြာပြီ"
                 "အင်း များများစား Reiji လေး"

                Izumi သူ့သားကို ကိုကို့အကြောင်း ဘယ်လိုပြောပြရမလဲမသိဘူးဖြစ်နေတယ်။ ခေတ်လူငယ်တစ်ယောက်အနေနဲ့ လူဝင်စားတို့ သစ္စာကျိန်ဆိုခဲ့တာတွေကို မယုံကြည်နိုင်ဘူးဆိုတာ သူမ သိနေတော့ ပြောပြဖို့ တော်တော်ခဲယဉ်းနေတယ်။

                "အော် ဒါနဲ့လေအမေ ခြံထဲက Ume ပန်းလေးတွေ ဒီနှစ်အစောကြီးပွင့်သလိုပဲ (၂ )လပိုင်းတောင် မရောက်သေးဘူး တော်တော်လည်းပွင့် တယ်နော်"

                Reiji ဒီလိုပြောလိုက်တော့ Izumi မျက်လုံးထဲ အရင်က Ayaka နဲ့ သူ့အကို Yamada တို့အတူ ဒီအပင်လေးစိုက်ခဲ့တာ မျက်လုံးထဲပေါ်လာတယ်။
                **ဒါက သူတို့ပြန်ဆုံတွေ့လို့များ အစောကြီးပန်းတွေပွင့်နေတာများလား**

                 "အင်း Reiji လေး ပန်းတွေ တော်တော်လှတယ်နော်"

                  Izumi မုန့်စားနေတဲ့သူ့သားကိုကြည့်ပြီး အတိတ်ကအကြောင်းတွေ မြင်ယောင်နေတယ်။ ဝဲတက်လာတဲ့ မျက်ရည်တွေကို မကျလာအောင် မျက်လုံးကိုပုတ်ခတ်,ပုတ်ခတ်လုပ်နေမိတယ်။

Hurt Love (completed)Where stories live. Discover now