အခန်း (၁၉)

145 7 0
                                    


Ayaka အခန်းတစ်ခုထဲရောက်နေတယ်။ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်လို့ ဘယ်သူမှအနားမှာမရှိ။ အောက်ကိုကြည့်လိုက်တော့ သွေးတွေ။

"Oh my god 😱"

Ayaka လန့်ပြီးအော်လိုက်တယ်။ သူ့အော်သံဆုံးသွားတော့ အနောက်ကနေ ခေါ်သံကြားလိုက်တယ်။

"Ayaka"

သူ့လှည့်ကြည့်လိုက်တော့ တစ်ကိုယ်လုံးမှာ သွေးတွေပေကျန်နေတဲ့ သူ့ချစ်သူ Reiji -

"Reiji ဘယ်လိုဖြစ်တာလဲ? Ayaka ဆီလာပါဦး"

သူကြည့်နေရင်းပဲ Reiji ရဲ့ခေါင်းက သွေးတွေအများကြီးစီးကျလာပြီး နာကျင်နေတဲ့ကြားကနေ အားယူပြီးပြုံးပြနေရင်း Reiji က တဖြေးဖြေး Ayaka နဲ့ဝေးသွားတယ်။

"ဟင့်အင်း မသွားရဘူး Reiji, Reiji မသွားပါနဲ့"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Ayaka တစ်ယောက် Kudo အိမ်တော်ထဲမှာရောက်နေတယ်။ သတိလစ်သွားပြီးကတည်းက ခုထိသတိမရသေးဘဲ ချွေးစီးတွေထွက်ပြီး Reiji ရဲ့နာမည်ကိုပဲ ကယောင်ကတန်းနဲ့ ရွတ်ရင်း ငိုနေတယ်။ ဘေးနားမှာစောင့်နေတဲ့ သူ့သူငယ်ချင်း Akio က -

"Ayaka, သူငယ်ချင်း သတိထားဦးလေ"
"Reiji"

Ayaka အော်ရင်း သတိရလာတယ်။ သူသတိရလာတော့ သူ့ဘေးက Akio ကိုတွေ့လိုက်ရတယ်။

"Akio, Reiji ရော သူ..သူ့ကို သွေးတွေနဲ့တွေ့လိုက်တယ်။ သူ Ayaka ကိုထားခဲ့ပြီးထွက်သွားတယ်"

Ayaka ပြောရင်းမျက်ရည်တွေ အဆက်မပြတ်စီးကျလာတယ်။ Akio က -

"စိတ်ထိန်းပါ Ayaka ရယ် မငိုနဲ့တော့ Reiji က.."

Akio စကားမဆုံးသေးဘူး အခန်းတံခါးပွင့်လာပြီး Hiroto က Reiji ကိုတင်လာတဲ့ wheelchair ကိုတွန်းလာရင်း အခန်းထဲဝင်လာကြတယ်။

"Reiji"

Ayaka ကုတင်ပေါ်ကချက်ချင်းဆင်းလာပြီး Reiji ကိုပြေးဖက်ရင်း ငိုတယ်။

"Ayaka ကို ထားခဲ့ပြီထင်နေတာ ဟင့်..ဟင့်"
"မငိုပါနဲ့ Ayaka ရယ်။ Ayaka ငိုရင် ကိုယ်စိတ်မကောင်းဘူး မငိုနဲ့တော့နော်။ Ayaka ကို ကိုယ်ဘယ်တော့မှ မထားခဲ့ဘူး"

Hurt Love (completed)Dove le storie prendono vita. Scoprilo ora