Reiji တစ်ယောက် ဆရာ Message ပို့လိုက်တဲ့နေရာကို တစ်ယောက်တည်းကားမောင်းထွက်လာတယ်။ လမ်းမှာကားမောင်းနေရင်းနဲ့ သူ့သူငယ်ချင်း Hiroto ကို ဖုန်းလှမ်းဆက်နေတယ်။ Hiroto က Akio နဲ့ဖုန်းပြောနေတာနဲ့ ဖုန်းမအားဘူး။
"ဖုန်းကိုင်ပါဦး Hiroto ရ"
Hiroto က ကလေးနဲ့ဖုန်းပြောနေရင်း Reiji က ဖုန်းဆက်တိုက်ခေါ်နေတော့ -
"ကလေး ကိုယ်ခဏဖုန်းချလိုက်မယ် နော်။ Reiji က ကိုယ့်ကိုဆက်တိုက်ဖုန်းခေါ်နေတယ်။ တစ်ခုခုဖြစ်နေလို့လားမသိဘူး"
"အင်း အကို သူနဲ့ပြောလိုက်လေ"Reiji အဲ့နေရာကိုရောက်တော့မှ Hiroto ဆီကဖုန်းဝင်လာတယ်။
"ဟဲလို Reiji"
"ဟဲလို Hiroto, ငါမင်းကိုအရေးကြီးပြောစရာရှိတယ်"
"အေး ဘာဖြစ်လို့လဲ"
"အဲ့ဒီ့ဆရာ Souji Tanaka ဆိုတာ ငါ့လေးလေးသတ်ခဲ့တဲ့ Kei Seto ရဲ့ တူအရင်းပဲ"
"ဘာ 😱"
"အဲ့တာ သူက Ayaka ကို ဆက်မနှောင့်ယှက်စေချင်ရင် လာခဲ့ဖို့ပြောလို့ ငါအခုသူချိန်းတဲ့နေရာကိုရောက်နေတယ်။ သူကတစ်ယောက်တည်းလာရမယ်ဆိုလို့ ငါဘယ်သူ့ကိုမှမခေါ်ခဲ့ဘူး။ အဲ့တာမင်းအခုငါ့ဆီ သူမရိပ်မိအောင်လာပေးနိုင်မလား"
"အေး ငါအခုလာခဲ့မယ် မင်းအခုဘယ်မှာလဲ?"Reiji ဖုန်းပြောနေတုန်း သူ့နောက်ကို လူတွေရောက်လာကြတယ်။
"ဟေ့ရောင် မင်းဘယ်သူ့ကိုဖုန်းဆက်နေတာလဲ။ ပေးစမ်း"
ပြောရင်း Reiji ရဲ့ဗိုက်ကို ခြေထောက်နဲ့ကန်လိုက်တယ်။
"အား"
Hiroto သူ့သူငယ်ချင်းအော်သံကြားလိုက်တော့ အရမ်းစိတ်ပူသွားတယ်။"ဟဲလို ဟဲလို Reiji မင်းဘယ်မှာလဲ"
တီ ......."ဟာ ဖုန်းကျသွားပြီ ဒုက္ခပါပဲ"
Hiroto ဖုန်းထပ်ခေါ်တော့ စက်ပိတ်ထားတာနဲ့ သူ့အိမ်ကိုချက်ချင်းအကြောင်းကြားလိုက် တယ်။ သူ့အိမ်က သိတာနဲ့ ချက်ချင်းဖုန်းရဲ့ location ကိုရှာပြီးလိုက်သွားတော့ Hiroto နေရာမေးပြီးလည်း ချက်ချင်းလိုက်သွားတယ်။
ဟိုရောက်တော့ ရပ်ထားတဲ့ Reiji ကားနဲ့ အလှမ်းမကမ်းမှာကျနေတဲ့ ဖုန်းလေးကိုပဲတွေ့လိုက် တယ်။သူ့အဖေလည်းအရမ်းစိတ်ပူနေတယ်။
KAMU SEDANG MEMBACA
Hurt Love (completed)
Romansa"ငါမင်းကိုဒီလောက်ချစ်တာကိုသိရဲ့သားနဲ့ ဘာလို့ကိုယ့်ကို ဥပေက္ခာပြုရက်နိုင်ရတာလဲ ငါအရမ်းနာကျင်နေပြီ ငါ့ဘက်ကိုတစ်ချက် လောက်ငှဲ့ပါဦး" Kudo Reiji "နင့်ကိုစတွေကတည်းက ငါ့ဆီကံကြမ္မာ...