အခန်း (၁၅)

115 8 1
                                    


"Reiji ဒဏ်ရာရလာတာလား?🥺"

Hirotoက ဝင်ပြီး ပြောလိုက်တယ်။

"ဘယ်ကလာ ဟိုကောင်တွေကို သူကဆော်လာတာ"
"ဟုတ်လား Reiji"
"အဲ့တာက...."

Reiji လည်း Ayaka က ဒီလိုလုပ်ရပ်တွေကြောင့် သူ့ကိုများမုန်းသွားမလားဆိုပြီး ပြောရခက်နေတုန်း -

"အဲ့ကောင်တွေကို ကောင်းကောင်းပညာပေးသင့်တယ် Akio ကို အနိုင်ကျင့်တဲ့ကောင်တွေ ကြည့်လို့မရဘူး"
"ဟုတ်လား"

Reiji စိတ်ထဲ - **ဟူး တော်သေးတာပေါ့**

"နောက်တစ်ခါ မလုပ်ရဲအောင် သေချာဆုံးမခဲ့လား"
"အင်း ကိုယ်ဆုံးမခဲ့တယ် 😊"

Reiji အင်္ကျီသွားလဲပြီးပြန်လာတော့ Ayaka က အလုပ်ရှိသေးတာကြောင့် ပြန်ဖို့လုပ်နေတယ်။

"Ayaka ပြန်တော့မှာလား"
"အင်း Ayaka အလုပ်ရှိသေးတယ်"

Reiji က ပြန်လိုက်ပို့ချင်နေတာကို မပြောရဲပဲ မထုံတထေးလုပ်နေတာနဲ့ Hiroto က -

"Reiji မင်း အပြန်လမ်းကြုံတာပဲ Ayaka ကို လိုက်ပို့လိုက်လေ"

Hiroto က ပြောပြီ မျက်စပစ်ပြလိုက် တော့ -

"အင်း ဟို Ayaka ကိုယ်ပြန်လိုက်ပို့မယ် နော်"
"အင်း ပြန်မယ်လေ"

Reiji နဲ့ Ayaka အတူထွက်သွားတော့မှ -

"အကို Reiji က တော်တော်ပိန်းတယ်နော် Ayaka သူ့အပေါ်စိတ်ယိုင်လာပြီပဲကို ခုထိကြောင်တောင်တောင်လုပ်နေတုန်း"
"ဒီကောင်က ရည်းစားတောင် ထားဖူးတာမဟုတ်ဘူး ဒါမျိုး အတွေ့အကြုံမရှိဘူး"
"အကိုကတော့ အများကြီးထားဖူးတယ်မလား"
"ကလေးကလည်း ကိုယ်က အချစ်စစ် လိုက်ရှာရင်း နဲနဲများသွားတာပါ 😁"
"အခုထိလည်းရှာတုန်းမလား"
"ဟာ ကလေးကလည်း ထပ်ရှာစရာမလိုတော့ဘူး တွေ့သွားပြီ"
"ပြောထားအုန်း နောက်မှအချစ်စစ်တစ် ယောက် ထပ်တွေ့တယ်ဆိုလို့ကတော့ သတ်ပစ်မှာ"
"မလုပ်ပါနဲ့ ကြောက်ပါတယ် 🌚"

Ayaka နဲ့ Reiji အတူကားစီးလာကြတယ်။

"Ayaka"
"ဟင်"
"ဒါလေး Ayaka အတွက်"
"Wow ဒါ Taylor ရဲ့ signed Album ပဲ Thanks"
"Taylor ဂျပန်ကို Tour လှည့်ရင် အတူသွားကြည့်ကြမယ်နော်"
"အင်း Ayaka မနှစ်ကမကြည့်လိုက်ရဘူး"
"အင်း ဒါနဲ့ ဟိုလေ ...."
"ဟင် ဘာပြောမလို့လဲ"
"ဘာမှမဟုတ်တော့ပါဘူး"

Hurt Love (completed)Opowieści tętniące życiem. Odkryj je teraz