အခန်း (၁၁)

118 7 0
                                    

Reiji သူ့နောက်ရောက်နေတဲ့ Ayaka ကိုလှည့်ကြည့်ပြီးမေးလိုက်တယ်။

"Ayaka ကိုယ့်ကိုဘာလို့လိမ်ရတာလဲ"
"အဲ့တာက ဒီလိုပဲ မနှောင့်ယှက်အောင်လို့"
"ကိုယ့်ကိုအဲ့လောက်တောင်မုန်းလား?"

Ayaka ဝမ်းနည်းသွားတဲ့ Reiji ကိုကြည့် ပြီး သနားသွားတယ်။
**ငါအရမ်းလွန်သွားလို့လား သူကအဲ့လောက်ဝမ်းနည်းနေတော့ စိတ်မကောင်းလိုက်တာ**

Ayaka လည်း ဘာမှဆက်မပြောတော့ပဲ လှည့်ထွက်လာတယ်။ အဲ့တော့မှ ဆရာ Tanaka က -

"Ayaka ကို ငါမပိုင်ဆိုင်ရရင်တောင် မင်းလည်းဘယ်တော့မှမပိုင်ဆိုင်စေရဘူး။ ငါအဆုံးထိလိုက်နှောင့်ယှက်နေမှာ Kudo Reiji!"
"ခင်ဗျားက ဘာလို့အဲ့လိုလုပ်ရတာလဲ။ ခင်ဗျားနဲ့ကျွန်တော်နဲ့ ဘာအကန့်မှမရှိဘူးနော်"
"ဘာလို့လဲဟုတ်လား ဟားဟား::: မင်းက Kudo အိမ်ကတစ်ဦးတည်းသောသားဖြစ်နေလို့"
"ဘာ ခင်ဗျားနဲ့ ကျွန်တော်တို့မိသားစုနဲ့ ဘာဆိုင်လို့လဲ"
"မင်းအမေ Kudo Izumi ကိုမေးကြည့်လိုက်လေ"

Reiji ချက်ချင်းသူ့အမေကိုဖုန်းဆက်လိုက် တယ်။

"ဟဲလို အမေ, သားတို့တက္ကသိုလ်ရဲ့ ဥပဒေကကျူတာ Souji Tanaka ကိုသိလား"
"Souji Tanaka?"

သူ့နာမည်ခေါ်ပြီးအသံတိတ်သွားတဲ့ သူ့အမေကြောင့် -

"ဟဲလို အမေ?"
"အဲ့တာ အမေနဲ့အတူ Ayaka ကိုလုပ်ကြံခဲ့တဲ့ Kei Seto ရဲ့တူအရင်းပဲ။ သူ့ဦးလေးသေသွားတော့ သူက ၁၁ နှစ်အရွယ်ပဲရှိသေးတယ်။ ဒါပေမယ့်သူက ကလေးပေမယ့် အရမ်းအညှိုးကြီးတယ်။ တစ်နေ့ကျရင် သူ့ဦးလေးကိုသတ်ခဲ့တဲ့ အကြွေးကိုပြန်ပေးရမယ်လို့ အမေတို့ကိုပြောခဲ့ဖူးတယ်"
"ဗျာ, ဒါဆိုသူက"

Reiji သူ့အမေဖုန်းကိုချလိုက်ပြီး -

"ခင်ဗျား, Ayaka ကို တကယ်မချစ်ပဲ ကျွန်တော်တို့ကို လက်စားချေဖို့တမင်လာပတ်သတ် နေတာပေါ့။ ဟားဟား ဒါပေမယ့် ခင်ဗျားအကြံအစည်ဘယ်တော့မှမအောင်မြင်စေရဘူး"
"မင်းက ဘာလုပ်နိုင်မှာမို့လို့လဲ Ayaka ကိုမင်းကိုဒီလောက်မုန်းတာ။ မင်းရဲ့စကားကိုသူက ယုံမယ်ထင်လို့လား?"
"ခင်ဗျားစောင့်ကြည့်နေလိုက်"

Hurt Love (completed)Hikayelerin yaşadığı yer. Şimdi keşfedin