Reiji တစ်ယောက် Ayaka နောက်လိုက်သွားတယ်။ Ayaka က ခါးထောက်ပြီးတော့ သူ့ကိုစိတ်တိုနေတဲ့ပုံနဲ့ -
"ရှင် အဲ့လူနဲ့မပတ်သတ်နဲ့၊ သူ့နားကိုလည်း မသွားနဲ့။ ကြားလား!"
"ဟင် ဘယ်သူလဲ ခုနကအင်္ဂလိပ်ကောင်လား?"
"ဟုတ်တယ်"
"Ayaka မသွားနဲ့ဆို ကိုယ်မသွားပါဘူး။ ဒါနဲ့ဘာလို့လဲ?"
"မမေးနဲ့ 😒"
"အင်းပါ Ayaka မကြိုက်ရင် မသွားပါဘူး"Ayaka လည်း ခုနက James က Reiji ကို စိတ်ဝင်စားတယ်ဆိုလို့ Reiji ကို သူနဲ့အတွေ့မခံစေချင်။
**ဒီလူကလည်း ဒီအချိန်မှပဲ အချိန်ကိုက်ရောက်လာတယ်**Ayaka တို့စာသင်ပြီးတော့ Akio က -
"ဟဲ့ Ayaka, နောက်တစ်ပတ် Ibaraki မြို့က မိဘမဲ့ကလေးဂေဟာကို ငါတို့ ပထမနှစ်က Yushoo volunteer အဖွဲ့ဝင်တွေ တစ်ညအိပ်ခရီးသွားဖို့ရှိတယ်။ အဲ့တာ အကိုတို့ကိုပါ ခေါ်လိုက်ရင်ကောင်းမလား?"
"အာ, သူတို့က volunteer အဖွဲ့မှာ ပါဝင်ပ့ါမလား"
"မေးကြည့်တာပေါ့"သူတို့နေ့လည်စာ စားချိန်ရောက်တော့ Reiji နဲ့ Hiroto က ဆိုင်မှာရောက်နှင့်နေပြီ။
"အကို သက်သာသွားပြီလား"
"အင်း ကလေးရော သက်သာလား"
"သက်သာပါတယ် အကို့ကိုပြောစရာရှိတယ် အကို Reiji ကိုရော"
"ဘာပြောမလို့လဲ"
"ကျွန်တော်တို့ ပထမနှစ်က Yushoo volunteer အဖွဲ့တွေ လာမယ့် Weekend ကျရင် Ibaraki က မိဘမဲ့ကလေးကျောင်းကို တစ်ညအိပ်ခရီး လုပ်အားပေးဖို့သွားမလို့ အဲ့တာအကိုတို့လည်း အတူလိုက်ခဲ့မလား"
"ဟင် အကိုတို့က စီးပွားရေးကလေ လိုက်လို့ရပါ့မလား"
"ရတယ် တခြားမေဂျာကလူတွေလည်းပါတယ်"
"အဲ့တာဆိုလိုက်မှာပေါ့"Ayaka ထမင်းစားနေရင်း James အကြောင်းစဉ်းစားနေတယ်။
**ငါ James ကို ကူညီပေးသင့်လား? သူက တောင်းဆိုထားတာ။ ဒါပေမယ့်မကူညီတာကောင်းမယ်ထင်တယ်။ Reiji ကိူသူနဲ့မကြိုက်စေချင်ဘူး။ Oops ငါဘာတွေတွေးနေတာလဲ မဟုတ်မှလွဲရော ငါ Reiji ကို**
CZYTASZ
Hurt Love (completed)
Romans"ငါမင်းကိုဒီလောက်ချစ်တာကိုသိရဲ့သားနဲ့ ဘာလို့ကိုယ့်ကို ဥပေက္ခာပြုရက်နိုင်ရတာလဲ ငါအရမ်းနာကျင်နေပြီ ငါ့ဘက်ကိုတစ်ချက် လောက်ငှဲ့ပါဦး" Kudo Reiji "နင့်ကိုစတွေကတည်းက ငါ့ဆီကံကြမ္မာ...