အခန်း (၁၀)

133 13 3
                                    

                         "Yamada-Kun"
               Ayaka တိုးတိုးလေးရေရွတ်လိုက်တယ်။
               **အော် ငါလည်းခုနက အန်တီ Izumi ပြောတဲ့ဇာတ်လမ်းထဲ တကယ်စီးမျောသွားတာပဲ**

               သူလည်းအိမ်ပြန်နောက်ကျနေပြီမို့ နှုတ် ဆက်လိုက်တယ်။

               "သမီးတို့ပြန်တော့မယ် အန်တီ"

               Izumi တစ်ယောက် Ayaka ဆီလျောက် လာတယ်။ ပြီးတော့သူ့လက်လေးကိုင်ပြီး -

               "Ayaka အန်တီပြောခဲ့တာတွေက တကယ့်အဖြစ်အပျက်တွေပါ။ သမီးအခုချက်ချင်း မယုံနိုင်မှန်းသိပါတယ်။ ဒါပေမယ့် တစ်နေ့ကျရင် ယုံကြည်သွားမှာပါ"
               "ဟုတ်ကဲ့ပါအန်တီ သွားလိုက်ပါဦးမယ်"

            

              နောက်နေ့ပိတ်ရက်ရောက်တော့ Hiroto တစ်ယောက် Akio နေတဲ့အဆောင်ရှေ့မှာ လာစောင့် နေတယ်။ Ayaka နဲ့ Akio တို့သူငယ်ချင်းနှစ်ယောက် အလုပ်ကပြန်လာတော့ သူတို့အဆောင်ရှေ့မှာ စောင့် နေတဲ့ Hiroto ကို တွေ့လိုက်တာနဲ့ Akio က -

             "ခင်ဗျား ဘာလာလုပ်ပြန်ပြီလဲ"
             "ကလေး ကိုယ်နဲ့တစ်နေရာလောက်လိုက်ခဲ့ပါ ကိုယ်ပြောစရာရှိလို့"
             "ဘယ်ကိုလဲ"
             "မဝေးပါဘူး ဒီနားက Shinjuku Gyoen National Garden တင်ပါ"
             "ဘာသွားလုပ်မလို့လဲ"
             "ပြောစရာရှိလို့ပါဆို ကလေးကလည်း လိုက် ခဲ့ပါကွာ"
             "အဲ့တာဆိုလည်း ပြီးရော Ayaka လာ အတူသွားကြမယ်"

             သူက ဖွင့်ပြောမလို့ပန်းခြံတစ်ခုလုံးတောင် ငှားထားတာ။ Ayaka ပါရင်တော့ ပြောရမှာအဆင်မပြေ။

             "အာ ကလေးကလည်း Ayaka ကိုခေါ်မနေပါနဲ့ သူပါရင်စကားပြောရတာ သိပ်မလွတ်လပ်ဘူး။ အခုကိုယ်ပြောမှာက ကလေးတစ်ယောက်တည်းကိုပြောမှာ"

              သူလည်းပြောပြီး Ayaka ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်တော့ Ayaka လည်း အထာနပ် သွားပြီး -

             "ငါမလိုက်တော့ပါဘူး ဒီနေ့ဟင်းချက်စရာတွေရှိသေးလို့"
             "နင်ကလည်း ပြီးရောဟာ ခင်ဗျားတစ်နာရီပဲအချိန်ရမယ်နော်"
             "အင်းပါ"

Hurt Love (completed)Where stories live. Discover now