Unicode
ပြင်းရှရှWhiskeyတစ်ခွက်။
တငွေ့ငွေ့လောင်မြိုက်နေတဲ့ Cigarette တစ်လိပ်ရဲ့ထိပ်ဖျား။
ခပ်ပြင်းပြင်းရှိုက်လိုက်တော့ လည်ချောင်းကနေ အဆုတ်ထဲပြေး၀င်သွားတဲ့ အခိုးအငွေ့ကရူးလောက်စရာ။
Cigaretteငွေ့ကို Whiskeyနဲ့မျှောချလိုက်တော့ ပူဆင်းသွားတဲ့အခိုက်အတန့်က လူ့စည်းစိမ်တစ်မျိုးလိုလို။မီးရောင်တွေ စုံတယ်။
လူတွေအားလုံးလည်း ကနေတယ်။
ယောကျ်ား၊မိန်းမ ကိုယ်လုံးချင်းတိုးဝှေ့ပွတ်သပ်နေကြတာက ဒီနေရာမှာတော့ အထူးအဆန်းမဟုတ်ဘူး။
တစ်သီးတစ်သန့် တစ်ယောက်တည်းထိုင်နေတဲ့ကျွန်တော်ကသာထူးဆန်းနေတာ။Clubလာတဲ့လူတို့ရဲ့သဘောသဘာ၀ကိုက သောက်မယ်၊ကဲမယ်၊ကမယ်၊အထာပေးမယ်။
မျက်စိကျတဲ့သူတွေ့ရင် ကပ်တိုးလေးညှိကြည့်
အဆင်ပြေရင် တစ်ညတာကတော့ဘေးမှာလူတစ်ယောက်နဲ့ပေါ့။ကနေတဲ့လူတွေဘက်ကိုကြည့်ရင်း ခေါင်းတွေနောက်လာတယ်။
တီးလုံးသံကလည်း နားထဲကိုဆောင့်တိုး၀င်နေသလိုပဲ။
လူအုပ်ကြီးကို ကျောခိုင်းပြီး Cigarette ကိုခပ်ပြင်းပြင်းထပ်ရှိုက်လိုက်တယ်။ဒီနေရာနဲ့မအပ်စပ်တဲ့ကျွန်တော်က ဒီနေရာမှာအကြာကြီးဆက်ထိုင်နိုင်ဖို့ဆိုရင် Cigaretteတစ်ဘူးလောက်တော့ အနားရှိနေမှဖြစ်မယ်။
မလိုက်မဖြစ် မလာမဖြစ်တဲ့အကြောင်းအရင်းကြောင့်သာ ဒီနေရာမှာရှိနေရတာ။
မဟုတ်လို့ကတော့ ယောင်လို့တောင်ခြေဦးလှည့်ချင်တာမဟုတ်ဘူး။နောက်ဘက်ကနေ ပခုံးကိုလာပုတ်တဲ့လက်တစ်ဖက်က ကျွန်တော့်ရဲ့စိတ်ညစ်မှုတွေအဆုံးသတ်တဲ့အချိန်ရောက်ပြီဆိုတာအချက်ပြလိုက်သလိုပဲ။
လှည်ကြည့်လိုက်တော့ 'သူ'ဆိုတာလုံး၀မလွဲ။
ခါတိုင်းတလက်လက်တောက်နေတဲ့သူ့မျက်၀န်းတွေက ရီဝေဝေဖြစ်နေပြီဆိုတော့ အရက်ရှိန်လေးတက်နေပြီထင်တယ်။
သူ့ခါးကိုသိုင်းဖက်ထားတာက sexyကျကျမိန်းကလေးတစ်ယောက်။
အဲ့ဒီမိန်းကလေးက သူ့ရင်ဘတ်ကိုပွတ်သပ်နေတဲ့အပြင် ကပ်ပါးတစ်ကောင်လိုတွယ်ကပ်နေတော့သူ့ရဲ့မျက်ခုံးတွေသိသိသာသာတွန့်ချိုးလာပြီးမျက်နှာထက်မှာလည်း သဘောမကျဘူးဆိုတဲ့အရိပ်အယောင်တွေကအပြည့်။
YOU ARE READING
ᑕᕼᗴᖇIՏᕼ
Fanfiction"မင်းထားခဲ့ရင် ငါ..ငါ ရူးမှာ" "မင်းကို ငါကထားရက်ပါ့မလားရှောင်းကျန့်ရာ" Zhanyi Fanfiction "မင်းထားခဲ့ရင် ငါ..ငါ ရူးမှာ" "မင်းကို ငါကထားရက်ပါ့မလားရှောင်းကျန့်ရာ" Zhanyi Fanfiction