Episode 1

2.2K 97 3
                                    

မနက်ခင်းနေရောင်ခြည်နွေးနွေးသည် ပြတင်း
ပေါက်မှ တဆင့် ကောင်းထက်၏ မျက်နှာသို့
ဖြာကျလာတော့သည်။ ဘေးက နှိုးစက်ကို
ကြည့်လိုက်တော့ ၆ နာရီပင်ခွဲနေပြီ။ နာရီ
ကို ကြည့်မိမှ အခုနေမှမထရင် နောက်ကျ
တော့မှာဆိုတဲ့ အသိကြောင့် အိပ်ယာမှထလာ
ခဲ့သည်။ ပထမဦးစွာ အိမ်ရှေ့သို့သွားပြီး
နိစ္စဒူဝလုပ်နေကျ စာကလေးအိမ်ထဲသို့
ဆန်စိအချို့ထည့်ပြီး မနေ့က ကျန်တဲ့ရေကို
လှယ်ကာအသစ်လဲပေးလိုက်သည်။

အဲ့နေ့ ရေတလီတာကိုမော့သောက်ရင်း
ပတ်ဝန်းကျင်ကိုလေ့လာမိသည်။နေ့တနေ့
အစပိုင်းပင်ရှိသေးသည်။လူတွေနေ့စဥ်လုပ်
ငန်းတာဝန်ဆောင်ရွက်ဖို့ သွားလာလှုပ်ရှားနေ
ကြပါလားလို့ မှတ်ချက်ချရင်း ရေချိုးဖို့
အတွက်အိမ်ထဲသို့ ပြန်ဝင်လာသည်။
ဒီနေ့သည် ကောင်းထက်အတွက် ပထမဆုံး
လုပ်ငန်းခွင်စဝင်ရမဲ့နေ့ဖြစ်သည်။

Internship program ခေါ်နေတဲ့ ဇွဲတို့
ကုမ္ပဏီမှာ ဇွဲအကူအညီနဲ့ရခဲ့တဲ့ အလုပ်လည်း
ဖြစ်သည်။ ရုံးချိန်က ၉နာရီဆိုပေမဲ့ ၈ နာရီ
၂၀ လောက် ရုံး ferry လာကြိုမှ အိမ်အောက်ဆင်းသွားရုံဖြစ်ပေမဲ့ ferry လာ
တဲ့အချိန်ကိုတော့ အသင့်ဖြစ်နေအောင်
ပြင်ဆင်ရသည်။ ကောင်းထက်လဲ ရေမိုးချိုး
အဝတ်အစားလဲပြီး သူ့အမေ ဒေါ်ဝေဝေမြင့်
ပြင်ပေးတဲ့ မနက်စာကိုစားနေရင်း ဖုန်းကြည့်
လိုက်သည်။ msg ၂ စောင်ဝင်နေတာ ကြည့်
စရာမလိုပေမဲ့ ဘယ်သူပို့မှန်းတန်းသိသည်။

" Good Morning မှန်ကြောင်စုတ်... ညက
ဖုန်းခေါ်တာမကိုင်ဘဲ အိပ်ရဲတယ်ဟုတ်လား "

" ရုံးအလုပ်လုပ်မှာ ပေတိပေစုတ်ဝတ်မလာနဲ့
နော်..သန့်သန့်ပြန့်ပြန့်ဝတ်ခဲ့ "

ကောင်းထက်လည်း ဇွဲပို့တဲ့ msg ကိုဖတ်ပြီး
ပြုံးမိသည်။ ဇွဲက စတွေ့ကတည်းကအတိုင်း
အခုထိ ဂရုတစိုက်ရှိနေခဲ့သည်။ တွဲတဲ့အချိန်
၂ နှစ်ကျော်လာသည့်တိုင် အခုထိမပျက်
မကွက် အသေးစိပ်ကအစ ဂရုစိုက်နေတုံး။
တကယ်ပြောရရင် ကောင်းထက်နဲ့ဇွဲ သေချာ
စကားမပြောမတွေ့ဖြစ်တာ တစ်ပတ်ခန့်ရှိ
လောက်မည်။ ဇွဲက အခုဆို ဇွဲစစ်သွေးဆိုတဲ့
နာမည်နဲ့ စီးပွားရေး လုပ်ငန်းအသိုင်းအဝိုင်း
မှာ နာမည်ရနေပြီ။ မင်းခန့်ဇေက သူ့အဖေရဲ့
အလုပ်ကို စိတ်မဝင်စားတာကြောင့် ဇွဲက
နောက်ပိုင်းဦးဆောင်လုပ်ကိုင်နေရတာလည်း
ဖြစ်သည်။

Opposite Season 2 ( Our Chemistry )Where stories live. Discover now