Chapter 1

24.7K 1.1K 27
                                    

Zawgyi

"အရင်အပတ်ကဖြေထားတဲ့ သင်္ချာအဖြေလွှာစာရွက်တွေထွက်လာပြီ ဒီတစ်ခေါက် ပုစ္ဆာတွေကခက်ခဲပေမယ့် အတန်းထဲမှာ အမြင့်ဆုံးအမှတ်130ကိုရတဲ့သူကတော့ ဟိုချန်ပဲ သူကချီးမွမ်းခံရဖို့ထိုက်တန်တယ်"

ဘမ်း! ရုတ်တရက် တစ်စုံတစ်ယောက်ကြောင့် သင်္ချာအဖြေလွှာစာရွက် အထပ်လိုက်ကြီးဟာ ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားတယ်။
လုယီကတော့ အရှက်ပြေချောင်းနှစ်ချက်ဟန့်လိုက်ပြီး အမှန်ပါပဲ! သူကသင်္ချာနဲ့ပတ်သတ်ပြီး တကယ်ကိုကံမကောင်းတဲ့သူပဲ။

သူကအမြဲတမ်း သင်္ချာမှာဒုတိယပဲရပြီးတော့ သူ့ရဲ့ခုံချင်းကပ်ရက်အတန်းဖော်ဟိုချန်ကို ဘယ်တော့မှကျော်နိုင်မှာမဟုတ်ဘူး။ လုယီက သူ့ရဲ့108မှတ်သာရထားတဲ့ အဖြေလွှာစာရွက်ကိုကိုင်ပြီး စိတ်ပျက်လက်ပျက်နဲ့ သူ့ခုံဆီပြန်လာလိုက်တယ်။ စာမေးပွဲဖြေပြီး သူနဲ့ဟိုချန်နဲ့အဖြေတွေတိုက်တော့ ဟိုချန်မဖြေနိုင်တဲ့မေးခွန်းတွေအများကြီးပဲဆိုတာ သူမှတ်မိသေးတယ်။ ဒါနဲ့များ ဘာကြောင့်သူက အမှတ်အမြင့်ဆုံးတောင်ရသွားရတာလဲ?

ရုတ်တရက် စပ်စုချင်စိတ်တွေက အလုံးလိုက်အရင်းလိုက် ဝင်ရောက်လာတာကြောင့် သူဟိုချန်ရဲ့တံတောင်ကိုလှမ်းတို့လိုက်တယ်။ "ဟိုချန်! မင်းပြောတော့ မင်းမဖြေနိုင်ခဲ့တဲ့မေးခွန်းတွေ အများကြီးဆို? အဲ့တာဆို ဘာလို့မင်းအမှတ်တွေက မြင့်နေသေးတာလဲ?"
ဟိုချန်ကအိပ်ချင်မူးတူးနဲ့ ဖြည်းဖြည်းချင်းထလာပြီး ပျင်းရိနေတဲ့အသံနဲ့ "အာ! ငါတကယ်မဖြေနိုင်ခဲ့တဲ့ မေးခွန်းတွေအများကြီးပဲလေ" ဟိုချန်ကသက်သေပြဖို့အတွက် သူ့အဖြေလွှာစာရွက်ကို လုယီရှေ့ကိုတိုးပေးလိုက်ပြီး "ဒီတစ်ခုရယ် ပြီးတော့ဒီတစ်ခုရယ် ငါမဖြေနိုင်ခဲ့ဘူး" ပြောပြီးတာနဲ့ ဟိုချန်ကဆက်အိပ်ဖို့ပြင်တော့တယ်။

လုယီက ဘာမှမဖြေထားလို့ မှင်နီလေးခြစ်ခြစ်ခံထားရတဲ့ အဖြေလွှာစာရွက်ကို စိုက်ကြည့်နေမိပြီး သူ့အမူအရာတွေမှာ မယုံကြည်နိုင်ခြင်းတွေ လေးစားအားကျခြင်းတွေ ပြည့်နှက်နေတော့တယ်။ အရှင်းဆုံးပြောရရင် ဒီကျောင်းသားက အဖြေမှားလေးခုကိုဖြေထားမယ့်အစား ကွက်လပ်လေးခုပဲချန်ထားခဲ့တာပဲ။ သူတို့စာမေးပွဲမဖြေခင်က သူတို့ဆရာမက တစ်ခါပြောဖူးတယ် multiple choiceမေးခွန်းတွေဆိုရင် အဖြေမှန်ကိုမသိရင်တောင် ရမ်းသမ်းခန့်မှန်းခဲ့ အဖြေမှန်ရနိုင်ချေတွေရှိသေးတယ် ဆိုပြီးတော့ပေါ့။ ဒါပေမယ့် ဒီကျောင်းသားကတော့ ရမ်းသမ်းတောင်မခန့်မှန်းတော့ဘဲ ကွက်လပ်တွေပဲထားခဲ့တာပေါ့လေ။ အားပြင်းလိုက်တာ!

မင်းတို့နှစ်ယောက်ဘာတွေလုပ်နေကြတာလဲ?(မင်းတို့နှစ်ယောက်ဘာတွေလုပ်နေကြတာလဲ?)Where stories live. Discover now