Part 1 ( Uni )

44.3K 2.2K 64
                                    

Uni

နေဘုန်းအာဏာဟူသည်မြန်မာနိုင်ငံရဲ့ ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်တဲ့Sun Group ရဲ့ CEOတစ်ယောက်

ငယ်စဉ်အခါကပင်မိဘနှစ်ပါးစလုံးCar Accident ဖြင့်ဆုံးပါးသွားခဲ့ပြီး မိဘတွေရဲ့လုပ်ငန်းကိုဦးစီးလုပ်ကိုင်ခဲ့သူ...

မိဘတွေဆုံးချိန်မှစ၍အာဏာသည် အရယ်အပြုံး မရှိခဲ့သည်မှာ ယခုအချိန်ထိပင်...

အာဏာရဲ့စည်းစိမ်များကိုမက်မော၍ အနားကပ်လာသောမိန်းကလေးများစွာရှိသော်လည်း အာဏာသည်မည်သူကိုမျှ အနားအကပ်မခံခဲ့ပေ...

တစ်နည်းအားဖြင့်အာဏာဘဝတွင် ချစ်ရမည့်သူကိုမတွေ့ရသေးတာဆို ပိုမှန်လိမ့်မည်...

~~~~~~~~

လေပြေသွေး

လေပြေကိုးတန်းအရွယ်တွင်ဖခင်ဖြစ်သူရုတ်တရက်ဆုံးပါးခဲ့ပြီး
ပိုင်ဆိုင်မှုများသည်လည်း

ဖခင်ယူထားသောအကြွေးများဆပ်လိုက်ရ၍ လေပြေတို့သားအမိသည် လက်ရှိအိမ်ကိုရောင်းပြီး...

ရပ်ကွက်တစ်ခုတွင်အိမ်လေးတစ်လုံးအားဝယ်ယူ၍ နေထိုင်ခဲ့ကြသည်...

ကျန်သောငွေအနည်းငယ်နှင့်ရပ်ကွက်ဈေးထဲတွင်အထည်ဆိုင်လေးဖွင့်ကာ
သားဖြစ်သူပညာရေးနှင့် မိသားစုစားဝတ်နေရေးကို ဖြေရှင်းခဲ့ရသည်...

"လေပြေကျောင်းကပြန်လာသောအခါတွင်မီးဖိုချောင်ထဲတွင်ချက်ပြုတ်နေသော မေမေ့အား အနမ်းလေးပေး၍ မေမေသားရေချိုးပြီး ပြန်ဆင်းခဲ့မယ်နော်...
မေမေ့ကိုဝိုင်းကူရအောင်..."
"ဟုတ်ပါပီ သားလေးရယ် မေမေစောင့်နေမယ်နော်...
ဟုတ် မေမေ..."

At company,

"Boss ယူခိုင်းထားတဲ့ဖိုင်တွေအကုန်ယူခဲ့ပါပြီ Boss လက်မှတ်ထိုးပေးဖို့ပဲကျန်ပါတော့တယ်..."

"အေး...ကောင်းပြီး ထားခဲ့တော့...
အော် ခဏနေဦး ငါဒီနေ့ဘယ်သူတွေနဲ့ချိန်းထားတာရှိသေးလဲ..."

"Bossလှူထားတဲ့ကျောင်းရဲ့အဆောက်အဦးသစ်ဖွင့်ပွဲကိုဖဲကြိုးဖြတ်ပေးဖို့ ရှိပါတယ်..."

"ဘယ်အချိန်သွားရမှာလဲ..."

"နေ့လည် 11 နာရီပါ Boss..."

မောင့်ရင်ခွင်မှာခိုနားလှည့်ပါ...ငယ်(Completed)Where stories live. Discover now